Chapter-73

6.2K 904 11
                                    

Zawgyi

ကျန်းဝေရှီ သူ့ရဲ့ကြာပွတ်တိုက်ခိုက်ချက်များကို ရှောင်နေသည့်အိုမီဂါကြောင့် သူရဲ့စိတ်ဟာ ဟိုလူနဲ့တိုက်ခိုက်တုန်းကထက် ပိုမိုဆိုးဝါးနေတော့သည်။ဒါကြောင့် သူဟာ သူ့အဖေတိတ်တခိုးသင်ပေးထားသည့် ချီသုံးမျိုးသိုင်းကွက်ကို ထုတ်သုံးရန် ကြံလိုက်တော့သည်။ကျန်းဝေရှီဟာ ထိုအိုမီဂါကို အထင်သေးသည့်အသံဖြင့်

"မင်းတကယ်ကံကောင်းတယ် ဒီသိုင်းကွက်က ကျန်းကလန်ကဆက်ခံသူတွေပဲ သင်ခွင့်ရှိတာ၊ဒါပေမယ့် ငါ့အဖေက ငါ့ကို သိပ်ချစ်တယ်လေ၊ငါ့ထက်ကျင့်စဉ်မြင့်ပြီး သုံးစားမရတဲ့ငါ့အစ်မကိုတောင် အဖေက မပြောဖို့တောင် မှာထားသေးတယ်" လို့ ပြောစကားကြောင့် ဝမ်ဖေးရန်ဟာ မျက်မှောင်ကြုတ်သွားတော့သည်။

"သူမက မင်းရဲ့အစ်မမလား" ဝမ်ဖေးရန် ထိုနှစ်ယောက်ဟာ မောင်နှမတွေမှန်းသိပေမယ့် အမေမတူတာကြောင့်လား တွေးမိလိုက်သည်။အမေတစ်ယောက်တည်းက မွေးလာသည်ဟု မထင်ပေ၊ဟိုမိန်းကလေးဟာ ကိုယ်လုပ်တော်ဖွားသမီးဖြစ်လောက်သည်။

"အဟက် ငါရဲ့အမြွှာအစ်မလေ... ဒါပေမယ့် သူက ငါ့ရဲ့တက်လမ်းအတွက် ခဲလုံးသာသာပဲ" ကျန်းဝေရှီရဲ့စိတ်ထဲမှာ သတ်မှတ်ထားသည့်စိတ်ရင်းအမှန်ပေ၊ငယ်ငယ်တည်းက သူ့ထက်သာသည့် သူ့ရဲ့အမြွှာအစ်မကို ကျန်းဝေရှီမုန်းတီးသည်။ဒါပေမယ့် သူ့အဖေဟာ သူ့အစ်မဘယ်လောက်တော်တော် ဂရုမစိုက်သည်ကိုသိတော့ ကျန်းဝေမေ့ကို အာရုံမစိုက်တော့ပေ၊တစ်နေ့ ကျန်းကလန်က အကြီးအကဲတွေဟာ ကျန်းကလန်ကို ဆက်ခံမဲ့သူနေရာဆွေးနွေးနေရင်း ကျန်းဝေမေ့ကို တချို့အကြီးအကဲတွေဟာ ကျန်းကလန်ဆက်ခံသူနေရာကို ထောက်ပံ့လာသည့်ချိန်မှာ ကျန်းဝေမေ့ကို နောက်တစ်ကြိမ်မုန်းတီးခဲ့သည်။ဘာကြောင့် သူ့အမေဟာ သူတစ်ယောက်တည်းကို မမွေးဘဲ စိတ်ရှုပ်စရာကောင်းပြီး သူရဲ့တက်လမ်းကိုပိတ်ပင်နိုင်သည့်ကျန်းဝေ့မေ့ကိုပါ မွေးရတာလဲ၊ဒါကြောင့် ကျန်းဝေမေ့ကို စိတ်ဓာတ်ကျအောင် သူအမျိုးမျိုးလုပ်ခဲ့သည်။

ကျန်းဝေရှီ ထိုတုန်းကအကြောင်းအရာတွေကို တွေးတောရင်း ကျန်းဝေမေ့ရဲ့ဖြူဖပ်ဖြူရော်ဖြစ်သွားသည့်မျက်နှာကို သတိရကာ ဟားတိုက်ရယ်မောတော့သည်။သူဟာ သူရှေ့ရှိအိုမီဂါကို ကြည့်ကာ

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now