Zawgyi
စစ်လုဟန်ရဲ့မျက်လုံးများဟာ ဒေါသကြောင့် ရဲနေကာ မြေပြင်က လူသုံးယောက်ကို စိုက်ကြည့်နေတော့သည်၊သူရဲ့အနီးနားမှာ အနက်ရောင်မြူများ ဆိုင်းလာပေမယ့် ချက်ချင်းပြန်ပျောက်သွားကာ စစ်လုံဟန်ဟာ တောက်ပစွာပြုံးလိုက်ရင်း မြေပြင်ပေါ် ကျွမ်းထိုးခုန်ချလိုက်ပြီး ဝမ်ဖေးရန်နား လျှောက်သွားရင်း
"ကိုကိုကလည်း ကျွန်တော့်ကို ရင်ထိတ်သွားအောင် လုပ်လိုက်တာပဲ"လို့ပြောကာ မင်ထျန်းလော့ကို တစ်ချက်စိုက်ကြည့်ပြီးနောက်မှာ သူဟာ ဟန်ဆောင်ပြုံးရင်း
"ဒီလူတွေက ကိုကို့မိတ်ဆွေတွေလား တကယ်ကြည့်ကောင်းတဲ့လူတွေပဲ" လို့ပြောလိုက်သည်၊
မင်ထျန်းလော့ကလည်း ထိုလူငယ်ကို စိုက်ကြည့်ပြီးနောက်မှာ လူကြီးလူကောင်းဆန်သည့်လူကြီးတစ်ယောက်အပြုံးဖြင့် ပြုံးရင်း
"ကိုယ်တို့ရန်အာကို ကယ်တင်ပေးတဲ့အတွက် ဒီကရောင်ရင်းကို တကယ်ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်သည်၊အများအမြင်မှာတော့ ထိုနှစ်ဦးဟာ တကယ်ကိုပင် မတွေ့တာကြာသည့်မိတ်ဆွေများနှယ် နူတ်ဆက်နေကြတော့သည်၊
ဒါပေမယ့် တကယ်ကတော့ သူတို့ဟာ မျက်လုံးချင်းတိုက်ပွဲဖြစ်နေခြင်းဖြစ်သည်၊ရှလုန်ရွိန်ကတော့ ထိုနှစ်ယောက်ကို လစ်လျူရှုထားရင်း ဝမ်ဖေးရန်ရဲ့တကိုယ်လုံးကို စစ်ဆေးရင်း သူ့မျက်ဝန်းများဟာ အရောင်တစ်ချက်လက်သွားပြီး
"ရန် မင်းအဆင့်တက်သွားပြန်တာလား" လို့ပြောလိုက်တော့ ဝမ်ဖေးရန်ဟာ မျက်နှာလေးမော်ကာ မာန်ချီနေသည့်အပြုံးဖြင့်
"အခု ဒီချူံးအဆင့် အလွှာသုံးဖြစ်သွားပြီ" ဝမ်ဖေးရန်စကားကြောင့် ရှလုန်ရွိန်အနည်းငယ်မှင်သက်သွားတော့သည်၊လွန်ခဲ့တဲ့ နှစ်ရက်ကမှ ဝမ်ဖေးရန်က အလွှာနှစ်မှာသာ ရှိနေသေးကြောင်း သူသိသည်၊ရှလုန်ရွိန်ဟာ စစ်လုံဟန်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်မှာ ဝမ်ဖေးရန်ဘက်ကို ပြန်လှည့်လာကာ
"ကိုယ် စိတ်ပူနေတာ " လို့ ရှလုန်ရွိန်ဟာပြောလိုက်တော့ ဝမ်ဖေးရန်ဟာ အပြစ်ရှိသည့်မျက်နှာလေးနဲ့ ကြည့်လာကာ
YOU ARE READING
Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)
Historical FictionTitle: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date: ????? ကျွန်တော့်ဘဝက အရမ်းသနားဖို့ကောင်းတာ ခင်ဗျားလေးလို့ သိမယ်မထင်ဘူးဗျာ၊ ကျွန်တော့် မိန်းမမပြောနဲ့ မူးလို့ရှူစရာစော်တောင် မရှိသေးဘူးလေ၊ဒါကို...