Chapter-71

5.8K 849 33
                                    

zawgyi

ရှလုန်ရွိန် တစ်ဖက်အိုမီဂါဟာ အရှူံးပေးတော့မည့်လက္ခဏာကို တွေ့တော့ လက်ထဲက ကြာပွတ်နဲ့အချက်များစွာ ရိုက်ချလိုက်တော့သည်၊

ကြင်နာမှုမရှိဘူး၊ညှာတာမှုမရှိဘူး၊ရက်စက်သည့်ယောကျာ်းတစ်ယောက်၊လူတွေ သူ့အပေါ် ဘယ်လိုထင်မြင်ပါစေ ရန့်ကို နှုတ်နဲ့စော်ကားတဲ့သူတိုင်းကို သူအပြစ်ပေးမည်၊ရန်ကို ကိုယ်ထိလက်ရောက်ကျူးကျော်သူတိုင်းကို သူသတ်ပစ်မည်။ရန်ဟာ အသက်ရှင်သန်ချင်စိတ်မရှိတော့သည့်သူ့အား နောက်တစ်ကြိမ်ရှင်သန်ခွင့်ပေးခဲ့သည့်အမျိုးသားတစ်ယောက်၊တစ်လောကလုံးနဲ့ယှဉ်ကာ သူကာကွယ်ပေးမည့် သူချစ်ရသည့်အမျိုးသား၊

တကယ်လို့ တစ်ဖက်လူကို ကြည်ဖြူစွာ အရှူံးပေးခွင့်ပေးလိုက်ရင် ရန့်ကို ဒုက္ခပေးလာနိုင်သည်။ဒါကြောင့် သူဟာ အကြင်နာကင်းမဲ့စွာဖြင့် ထိုအိုမီဂါကို ရိုက်ချလိုက်ခြင်းဖြစ်သည်။ သူရိုက်လိုက်သည့်ထဲမှာ ထိုအိုမီဂါရဲ့ပါးစပ်ကိုပါ ရွေးရိုက်ချလိုက်သည်။ ဒါကြောင့်တစ်ဖက်အိုမီဂါဟာ အသံပင်မထွက်နိုင်တော့ဘဲ စင်မြင့်ကြမ်းပြင်ပေါ် လဲကျကာ တုန်ယင်နေတော့သည်။

"ရပ်လိုက်စမ်း! ငါ့မောင်ကို မထိနဲ့" ကျန်းဝေမေ့ဟာ သူမရဲ့အမြွှာမောင်ကို ကာကွယ်ရန် စင်မြင့်ကိုးကို သွားရန်ကြိုးစားလိုက်ပေမယ့် ရှေ့ကနေ ပိတ်ကာ ရပ်လာသည့်ယောကျာ်းတစ်ယောက်ကြောင့် သူမမျက်နှာဟာ အလွန်တရာတင်းမာသွားတော့သည်။

"ရှင် ဖယ်စမ်း!"

"မိန်းကလေးကျန်း မင်းစည်းမျဉ်းစည်းကမ်းတွေကိုမေ့နေတာလား၊ဒါမှမဟုတ် မင်းတို့ အန်းရှကောင်းကင်ဂိုဏ်းက စည်းမျဉ်းစည်းကမ်းတွေကို ဂရုမစိုက်တာလား" ငွေအိုရောင်ဆံပင်ရှည်နဲ့ တိမ်မှိုင်းရောင်လိုမျက်ဝန်းအရောင်၊ခန့်ညားကာကြည့်ကောင်းသည့်ယောကျာ်းဟာ အပြုံးချိုချိုဖြင့် သူမအားမေးလာသည့်ချိန်မှာ သူမတကယ်ပဲ ငေးမောမိသွားတာ အမှန်ပေ၊သူမရှေ့ရှိယောကျာ်းဟာ ခန့်ညားကာလှပလွန်းသည်။ထိုယောကျာ်းရဲ့အရှိန်အဝါဟာ အယ်လ်ဖာတစ်ယောက်ဆိုတာ သိသာလှသည်၊ဒါပေမယ့် သူမရဲ့မောင်ကို စိုးရိမ်စိတ်ကာ လွန်ကဲနေတာကြောင့် ထိုယောကျာ်းကို ကျန်းဝေမေ့ကြည့်လိုက်ကာ

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now