Chapter-70

6.1K 951 21
                                    


Zawgyi

"လုန်ရွိန် အနောက်မှာ သတိထား"

ဝမ်ဖေးရန်ဟာ ရှလုန်ရွိန်ရဲ့တိုက်ပွဲကို ကြည့်ချင်တာကြောင့် တစ်ချိန်လုံးစောင့်ကြည့်နေတာဖြစ်ပြီး အနောက်ကနေ အခြားတစ်ယောက်ဟာ ရှလုန်ရွိန်ကို တိုက်ခိုက်ရန်ကြိုးစားသည့်ချိန်မှာ လှမ်းသတိပေးလိုက်သည်။

ရှလုန်ရွိန်ဟာလည်း တစ်ချိန်လုံး သတိကပ်နေတာကြောင့် ဝမ်ဖေးရန်သတိမပေးရင်တောင် သူ့အနောက်က အန္တရာယ်ကို အာရုံရတာကြောင့် ချက်ချင်းနောက်လှည့်ကာ သူ့ကို လာရောက် တိုက်ခိုက်လာသည့် ကြာပွတ်ကြိုးကို လက်နဲ့ဆွဲဖမ်းတော့သည်။

"အဟက် ငါတို့ ကျန်းကလန်ရဲ့ရတနာကြာပွတ်ကြိုးကို လက်နဲ့ဖမ်းရဲတဲ့အရူးကို ပထမဆုံးမြင်ဖူးတာပဲ" ခုနက သူမေးခဲ့သည့်စင်မြင့်ကိုးကပြိုင်ပွဲဝင်ဖြစ်နေသည့်အခါမှာ ရှလုန်ရွိန်ဟာ မျက်မှောင်ကြုတ်သွားတော့သည်။အစက သူ့ထက်သိုင်းအဆင့်လည်းနိမ့်သလို အိုမီဂါတစ်ယောက်ဖြစ်တာကြောင့် သူညှာတာရန် စဉ်းစားလိုက်ခြင်းဖြစ်သည်။ဒါပေမယ့် ထိုအိုမီဂါဟာ အခုလိုမောက်မာစွာ သူ့ကို တိုက်ခိုက်လာလိမ့်မည်မထင်ခဲ့ပေ၊ဒိုင်အကြီးအကဲကလည်း ဘာမှမပြောတာကြောင့် ဒီအိုမီဂါရဲ့နောက်ခံဟာ သေးမည်မဟုတ်သည်ကို သူနားလည်လိုက်သည်။

"မင်း ငါ့ကို တိုက်ခိုက်ဖို့မကြိုးစားနဲ့" ရှလုန်ရွိန်ဟာ ကြာပွတ်ကြိုးကို လွှတ်ပေးလိုက်ရင်းပြောလိုက်သည်။ ရန်ရဲ့ကိုယ်ရံတော်ဖြစ်ပြီးနောက်ပိုင်းမှာ သူ့ကိုယ်သူ မပိုင်တော့ပေ၊ဒါကြောင့် ရန် အခက်တွေ့စေမည့်ကိစ္စတွေ လုပ်ရန်စိတ်ကူးမရှိပေ၊ တကယ်လို့ ဒီအိုမီဂါဟာ အတင်းလာရောက်တိုက်ခိုက်မည်ဆိုရင်တော့ စည်းဘောင်ထဲကနေ၍ သူတိုက်ခိုက်လိုက်မည်၊ဒါဆို သူအနေနဲ့ ရန့်ကို အခက်တွေ့တော့မည်မဟုတ်ပေ၊

"မင်းလို ကောင်ကို တိုက်ခိုက်ချင်​တော့ ဘာဖြစ်လဲ! အမှိုက်တွေကများ မင်းက ဟိုအပျက်ကောင်ရဲ့မိတ်ဆွေဖြစ်တည်းက မင်းကိုမင်းကံဆိုးပြီလို့ မှတ်လိုက်တော့" ကျန်းဝေရှီဟာ ဝမ်ဖေးရန်ကို လက်ညွှန်းစေကာ ပြောလိုက်သည်။သူဟာ ဒီတစ်ခါတော့ 'အပျက်ကောင်'ဆိုသည့်စကားလုံးကို တိတိကျကျကို ဝမ်ဖေးရန်ဆီ ညွှန်းလိုက်ခြင်းဖြစ်သည်။ဒါ​ပေမယ့် ပြောပြီးနောက်မှာတော့ ကြောက်စရာကောင်းကာ သတ်ချင်စိတ်ပြင်းထန်နေသည့်အကြည့်များဟာ သူ့ပေါ်ကျရောက်လာသလိုခံစားလိုက်ရသည်။ထိုခံစားချက်ကို ကျန်းဝေရှီမသိပေမယ့် သူ့ကိုယ်သူ အန္တရာယ်တွင်းထဲ ကျရောက်သွားသလို ခံစားရလိုက်သည်။ဒါကြောင့် သူ့အကြည့်များကို အစ်ကိုရီဘက်ပို့ကာ သူရဲ့သနားစရာကောင်းသည့်ပုံစံကို မြင်စေချင်တော့သည်။

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now