Zawgyi
နောက်တစ်နေ့ရောက်တော့ ဝမ်ဖေးရန်လည်း ဝင်္ကပါအလံတွေကို သိုလှောင်ဆွဲကြိုးထဲကနေ ထုတ်လိုက်ပြီး သူတို့ဝယ်ယူထားသည့် အိမ်တော်ရဲ့ခြံပတ်လည်မှာ ခင်းကျင်းလိုက်သည်၊
ဒါပေမယ့် ပိုအံ့အားသင့်စရာကောင်းသည်ဟာ ဒီအိမ်တော်မှာ နောက်ထပ်ဝင်္ကပါတစ်ခု ရှိနေသည်ကိုပင်၊သူဟာ ဝင်္ကပါအကြောင်း ဟုတ်တိပတ်တိနားမလည်သော်လည်း ဝင်္ကပါအကြောင်းကို လေ့လာဖူးတာကြောင့် ဒီနေရာတွင် ဝင်္ကပါတစ်ခုရှိခဲ့ဖူးကြောင်း သူသိသည်၊ဒါပေမယ့် စိတ်မကောင်းစရာဟာ ထိုဝင်္ကပါဟာ ပျက်စီးနေပြီဖြစ်သည်၊ဝမ်ဖေးရန်ဟာ ဝင်္ကပါကို အရပ်ရှစ်မျက်နှာမှာ သေချာစိုက်လိုက်ပြီး အဓိကသော့ချက်ဖြစ်သည့်တံဆိပ်ပြားကိုတော့ သူ့မိခင်ထံကိုပေးရန် သူ့မိခင်ဆီကိုသာ သွားရန်ဦးတည်လိုက်သည်၊
ထိုနောက် သူ့မိခင်ခြံဝန်းရောက်တော့ စကားပြောသံတွေ၊ရယ်မောသံတွေကြားလိုက်ရတာကြောင့် ဝမ်ဖေးရန် မျက်မှောင်ကြုတ်သွားပေမယ့် ခြံဝန်းထဲဝင်လာတော့သည်၊သူမိခင်ဟာ ကျောက်စိမ်းစားပွဲမှာ ထိုင်နေပြီး သူ့မိခင်ဘေးရှိ ကျောက်စိမ်းခုံပေါ်တွင် အမျိုးသမီးသုံးဦးဟာထိုင်နေပြီး အနောက်တွင်လည်း ငယ်ရွယ်သည့်လူငယ်များဟာလည်း ရပ်နေကြသည်၊သူတို့ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့သူ့မိခင်နဲ့စကားပြောနေသည်ကိုတွေ့တော့ သူ့မိခင်ရဲ့မိတ်ဆွေမှန်း သူသဘောပေါက်လိုက်သည်၊
"အမေ "
ဆောင်းလေညင်းလေးတိုက်ခတ်သွားသလို ချိုသာအေးချမ်းသည့်အသံကြားလိုက်ရသည့်ချိန်မှာ စကားများနေသည့်အမျိုးသမီးတွေမက အနောက်ရှိလူငယ်တွေပါ အသံလာရာကို လှည့်ကြည့်လိုက်တော့ သူတို့မျက်ဝန်းများ ပြူးကျယ်သွားတော့သည်၊ သူတို့ဟာ နတ်ဘုရားတစ်ပါးကိုမြင်လိုက်ရသည့်အတိုင်းပင်၊
သူတို့ဆီ အေးဆေးစွာလျှောက်လှမ်းလာသည့်လူငယ်လေးဟာ ဖော်ပြလို့မရအောင် လှရက်လွန်းလှသည်၊သူရဲ့ဆံပင်တွေဟာ အပြာရောင်အနီမိုနီပန်းလေးလိုပင်၊သူရဲ့မျက်နှာသွယ်သွယ်လေးအထက်ရှိ ဇင်ယော်တောင်မျက်ခုံးသွယ်သွယ်လေးအောက်ရှိ မျက်လုံးလှလှလေးအတွင်းရှိ အပြာရောင်မက်မွန်လွှာမျက်ဝန်းများလေးဟာ နေရောင်အောက်မှာ မီးမောင်းထိုးခံထားရသည့် တလဲ့လဲ့တောက်နေသည့် အပြာရောင်ဥဿဖရားကျောက်လေးလိုပင်၊ အလွန်လှပလွန်းသည်၊ နှာတံလုံးလုံးလေးရယ် အနည်းငယ်ပြုံးယောင်သန်းနေသည့် နီရဲနေတဲ့နူတ်ခမ်းဖူးလေးကြောင့် အနီးနားရှိဂုဏ်ယူစွာပွင့်လန်းနေသည့်ပန်းလေးတွေပင် ထိုအပြုံးသေးသေးလေးကြောင့် မှေးမှိန်သွားသယောင်ပင်၊သူတို့ဆီ လျှောက်လှမ်းလာသည့်လူငယ်လေးသည် ဒီလောကနှင့်မသက်ဆိုင်စွာ မွေးဖွားလာသည့် ကောင်းကင်ဘုံအရပ်ရှိနတ်ဘုရားငယ်တစ်ပါးလိုပင်၊
YOU ARE READING
Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)
Historical FictionTitle: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date: ????? ကျွန်တော့်ဘဝက အရမ်းသနားဖို့ကောင်းတာ ခင်ဗျားလေးလို့ သိမယ်မထင်ဘူးဗျာ၊ ကျွန်တော့် မိန်းမမပြောနဲ့ မူးလို့ရှူစရာစော်တောင် မရှိသေးဘူးလေ၊ဒါကို...