Zawgyi
ဝမ်ဖေးရန်ရဲ့မျက်လုံးလေးဟာ ပြူးကျယ်သွားကာ အနောက်ကိုဆုတ်ရန်ခြေလှမ်းလိုက်ပေမယ့် သူရဲ့အနောက်မှာ နံရံသာရှိသည်၊ထိုလူရဲ့အနက်ရောင်မျက်ဝန်းတွေထဲမှာ ရူးသွပ်မှုတွေကို ဝမ်ဖေးရန်မြင်နေရသည်၊ သူဖျက်ဆီးပစ်မယ်ဆိုတဲ့ ဆိုလိုရင်းကို အပြည့်အဝနားမလည်ပေမယ့် ဒီစကားက ကောင်းသည့်အရာမှ မဟုတ်တာ၊
သူရဲ့လက်များကို ချုပ်ထားသည့် ထိုလူရဲ့လက်ကြောင့် လှုပ်မရ၊ပြုမရချေ၊ ဒါအပြင် ထိုကြောက်စရာကောင်းသည့် ဖိအား ၊ဒီလူရဲ့ ကျင့်ကြံရေးအဆင့်က အကိုယွမ်ရှန့်ထက်တောင် မြင့်သေးတယ်၊ တစ်ကယ်ပဲ ဒီမှာ ပြီးဆုံးတော့မှာလား၊ ဝမ်ဖေးရန်မျက်ဝန်းထဲမှာ သူချစ်ရတဲ့မိတ်ဆွေရဲ့မျက်နှာများပေါ်လာသည့်ချိန်မှာ မျက်လုံးများဟာ တွေဝေမှုများ ပျောက်ကွယ်သွားတော့သည်၊
'ငါ ရအောင်ထွက်ပြေးရမယ်! ဒီလူကို မနိုင်ပေမယ့် ငါလည်း PiaoYuနဂါးဝိညာဉ်ရဲ့ဆက်ခံသူပဲ... '
ဝမ်ဖေးရန်ဟာ ထိုလူရဲ့အနက်ရောင်မျက်ဝန်းများကို ပြန်စိုက်ကြည့်ကာ သူရဲ့ချီစွမ်းအားကို ထုတ်ဖော်လိုက်ပြီး ရှေ့ကလူကို ကြည့်လိုက်ပြီး သူရဲ့စိတ်စွမ်းအင်နဲ့တိုက်ခတ်ရန်ကြိုးစားလိုက်သည်၊သေးငယ်တဲ့အခွင့်အရေးဖြစ်နေရင်တောင် ဝမ်ဖေးရန်ကြိုးစားချင်သည်၊
"အိုး "လို့ ထိုလူက ဝမ်ဖေးရန် တိုက်ခိုက်လိုက်သည့်ပုံစံကို ကြည့်ကာ ပြုံးလိုက်သည်၊စိတ်ဝိညာဉ်တိုက်ခိုက်မှုပဲ၊ထိုတိုက်ခိုက်မှုဟာ အရမ်းကိုခက်ခဲလွန်းသည်၊ စိတ်စွမ်းအင်မြင့်မားနေတဲ့သူတွေသာ လေ့ကျင့်ရန်လည်း သင့်တော်သည်၊ ကောင်းကင်အဆင့်ထက်မှာ ထိုတိုက်ခိုက်မှုကို အသုံးပြုရင် အံ့သြစရာမဟုတ်ပေမယ့် ထိုအဆင့်အောက်မှာသုံးတဲ့သူတွေကတော့ တစ်ကယ်အံ့သြစရာပင်၊
ဝမ်ဖေးရန်စေခိုင်းလိုက်သည့်စိတ်စွမ်းအင်ဖြင့် ထိုလူကို တိုက်ခိုက်လိုက်ပေမယ့် တန်ပြန်တိုက်ခိုက်လာသည့်အနက်ရောင်စွမ်းအင်များကြောင့် သူရဲ့စိတ်စွမ်းအင်နယ်မြေဟာ နာကျင်သွားတော့သည်၊
'ဘာလို့... ဒီလူရဲ့ စွမ်းအင်က ဘာကြီးလဲ'
[System: နည်းနည်းနောက်ကျသွားတယ်... အို နင်နောက်ထပ် ဇာတ်လိုက်နဲ့တောင် ထပ်တွေ့နေပြန်ပြီလား...]လို့ ဥမရဲ့အသံကြောင့် ဝမ်ဖေးရန်ဟာ အံ့အောမှင်သက်သွားပြီး တိုင်ပြောသလိုအသံနဲ့ပြောလာတော့သည်၊
YOU ARE READING
Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)
Historical FictionTitle: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date: ????? ကျွန်တော့်ဘဝက အရမ်းသနားဖို့ကောင်းတာ ခင်ဗျားလေးလို့ သိမယ်မထင်ဘူးဗျာ၊ ကျွန်တော့် မိန်းမမပြောနဲ့ မူးလို့ရှူစရာစော်တောင် မရှိသေးဘူးလေ၊ဒါကို...