Zawgyi
ကျန်းဝေရှီ သူ့ကို လာစိန်ခေါ်သည့်သူကို ကြည့်လိုက်တော့ လှောင်ရိပ်များသန်းသွားတာအမှန်ပေ၊ထိုအီုမီဂါဟာ သူ့ထက်အနည်းငယ်အရပ်နိမ့်သည့်အပြင် ဖွံ့ဖြိုးစ အိုမီဂါတစ်ယောက်ရဲ့အရိပ်အယောင်တွေပါ မတွေ့ရတာကြောင့် အသက်မပြည့်သေးသည်ကို ခန့်မှန်းမိသွားသည်။
အခုထိ သူ့ထက် သိုင်းကျင့်စဉ်မြင့်သည့်အိုမီဂါကို မမြင်ဖူးတာကြောင့် သူရှေ့ကအိုမီဂါလည်း သာမန်ဟုသာ တွေးတောလိုက်ပြီး ကျန်းဝေရှီဟာ လက်ခံလိုက်သည်။ဒီစင်မြင့်ဟာ တစ်ဖက်က လက်ခံမှ တိုက်ခိုက်ခွင့်ရှိတာကြောင့်ဖြစ်သည်။အခုလိုကျန်းဝေရှီဟာ သူ့မှာအခွင့်အရေးတစ်ကြိမ်သာရှိပြီး ဒီတစ်ကြိမ်ရှူံးသည်နှင့်ပြိုင်ပွဲကထွက်ရမည်ကို သိသော်လည်း သူဟာ အနိုင်ရရှိမည်ဟု ယုံကြည်ကာ လက်ခံလိုက်ခြင်းဖြစ်သည်။
"ငါက ကျန်းဝေရှီ၊မင်းကဘယ်သူလဲ" လို့ သူဟာ မေးလိုက်တော့ တစ်ဖက်ဟာ ခေါင်းတစ်ချက်သာ ငဲ့စောင်းကြည့်လာပြီး မျက်လုံးလေးများလခြမ်းသဏ္ဍာန်ကွေးသွားတာကြောင့် ပြုံးလိုက်မှန်းသိလိုက်သည်။သူရှေ့မှာ မျက်နှာတစ်ဝက်သာ ဖော်ဆောင်ထားပေမယ့် ကြည့်ရုံနဲ့အလှလေးမှန်းသိသာစေသည့် မျက်ခုံးတွေနဲ့ အပြာနုရောင်မျက်ဝန်းတောက်တောက်လေးတွေကြောင့် ကျန်းဝေရှီမနာလိုဖြစ်မိတာ အမှန်ပေ၊
"ခင်ဗျားက ကျွန်တော့်နာမည်သိဖို့ မထိုက်တန်ဘူး" ဆောင်းဦးမှာတိုက်ခိုက်လာသည့်အသံလေးအလား၊ကြားရသူတိုင်းနားဝင်ချိုသွားတော့သည်။ကျန်းဝေရှီကတော့ ချွင်းချက်ပေါ့၊ သူဟာ ထပ်မံအစော်ကားခံလိုက်ရတာကြောင့် သူ့မျက်နှာဟာ အကျဉ်းတန်စွာရှုံ့မဲ့သွားတော့သည်။ဒါပေမယ့် သူဟာလှောင်ရီလာကာ သူရှေ့ရှိ အိုမီဂါကို ကြည့်လိုက်တယ်။
"မင်းက အပျက်ကောင်လို့ ခေါ်ခံရတာ ကြိုက်နေတဲ့ပုံပဲ" လို့ ထိုစကားကိုသုံးနှုန်းကာပြောလိုက်ချိန်မှာ ပထမကလိုပြင်းထန်သည့်အရှိန်အဝါတွေဟာ သူ့ပေါ်ကျလာပြန်ကာ ဒီတစ်ခါတော့ ပိုမိုဆိုးဝါးတာကြောင့် ကျန်းဝေရှီကြမ်းပြင်ပေါ် ဒူးထောက်ကာ သွေးတစ်ပွက်အန်သွားတော့သည်။
YOU ARE READING
Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)
Historical FictionTitle: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date: ????? ကျွန်တော့်ဘဝက အရမ်းသနားဖို့ကောင်းတာ ခင်ဗျားလေးလို့ သိမယ်မထင်ဘူးဗျာ၊ ကျွန်တော့် မိန်းမမပြောနဲ့ မူးလို့ရှူစရာစော်တောင် မရှိသေးဘူးလေ၊ဒါကို...