Chapter-62

8.7K 1.2K 25
                                    

Zawgyi

အရှေ့ရပ်ဝန်းဘက်ကနေ တစ်လောကလုံးကို အလင်းသယ်ဆောင်လာသည့်နေမင်းထွက်လာချိန်မှာတော့ ထူတောမှောင်မိုက်နေသည့်တောအုပ်ထဲရှိ အိပ်တန်းတင်နေသည့်ငှက်များ၊သားရဲများဟာ နိုးထလာကာ ကောင်းကင်မှာ ပျံဝဲက လောကတစ်ခွင်ပျံသန်းဖို့အသင့်ဖြစ်နေပြီး သားရဲများဟာလည်း သူတို့တစ်နေ့တာ လုပ်ငန်းကိုစတင်ရန် တောအုပ်အနှံ့လျှောက်သွားတော့သည်၊ထိုချိန်မှာ တောအုပ်ဘေးရှိလှည်းသွားလမ်းမှာ လှည်းတစ်စီးပြီး တစ်စီးဟာ ထိုက်တန်မြို့ကို ဦးတည်သွားလာနေတော့သည်၊

ထိုနည်းတူစွာပင် ဝမ်ဖေးရန်တို့လှည်းသည်လည်း ထိုက်တန်မြို့ကို သွားနေတော့သည်၊နေမင်းကြီး ခေါင်းတည့်တည့်ရောက်သည့်ချိန်မှာတော့ လှည်းဟာ ထိုက်ထန်မြို့အတွင်း ဝင်ရောက်လာတော့သည်၊ထိုက်ရန်မြို့ထက် စည်ကားနေသည့်မြို့ကြီးဟာ အလယ်ပိုင်းဒေသရဲ့အကြီးဆုံးလို့ မပြောရဘူး၊သာမန်မြို့တွေထက် ပိုအရွယ်အစားကြီးမားကာ လူဦးရေထူထပ်လွန်းလှပြီး ကောင်းကင်မှာလည်း ပျံသန်းနေသည့်သင်္ဘောများစွာသာမက သားရဲငှက်ကြီးတွေပါ နေရာအနှံ့ရှိနေသေးသည်၊ထိုနောက် သူတို့ငါးယောက်ဟာ ထိုက်ထန်ရဲ့မြို့အတွင်း ဝင်ရောက်လာပြီးနောက်မှာ ဝမ်လီဖန်းရဲ့သတင်းအချက်များအတိုင်း ပေချင်းဝူဂိုဏ်း(မြောက်ဘက်ချင်းဝူဂိုဏ်း) ရှိရာကို ထွက်လာတော့သည် ။

ပေချင်းဝူဂိုဏ်းဟာ ဒီထိုက်ထန်မြို့ကြီးထဲမှာ အခြေကျကာ ဦးဆောင်နေသည့်အဆင့်သုံးထိချိတ်ထားသည့်ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည်၊

ဂိုဏ်းငါးဂိုဏ်းနဲ့ကျောင်းတော်သုံးကျောင်းတို့ဟာလည်း 'ဟုန်'တောအုပ်ကြီးနဲ့အနီးဆုံးဖြစ်သည့်ပေချင်းဝူဂိုဏ်းမှာ ကျင်းပရန် စီစဉ်လိုက်ကြခြင်းဖြစ်သည်၊ဒါကြောင့် သူတို့ ပေချင်းဝူဂိုဏ်းကို ရောက်လာသည့်ချိန်မှာ မြို့ဈေးတန်းထက်ပင် လူပိုထူထပ်နေသည်ကို တွေ့လိုက်ရတော့သည်။သူတို့ဟာ လှည်းကိုရပ်လိုက်ပြီး မြေပြင်ပေါ်ဆင်းလာလိုက်သည်၊

ဝမ်ဖေးရန်ဟာလည်း ပုဝါခမောက်မဆောင်းတော့ပဲ ပါးလွှာသည့်ပုဝါဖြူလေးနှင့်သာ မျက်နှာတစ်ဝက်ကိုဖုံးအုပ်ထားလိုက်သည်၊ထိုနောက် လော့ကောကောအကူညီဖြင့် လှည်းပေါ်ကနေ ဆင်းလိုက်ပြီးနောက်မှာတော့ ပေချင်းဝူဂိုဏ်းရဲ့ရှေ့တွင် ကျားသစ်ရုပ်ထုကြီး နှစ်ကောင်ဟာ တည်ရှိနေပြီး ' ပေချင်းဝူ'ဟု ရေးထွင်းထားသည့် ပေနှစ်ဆယ်အမြင့်ရှိသည့်ကျောက်ပြားကြီးဟာလည်း ထိုကျားသစ်ရုပ်ကြီးရှေ့ရှိ မြေကြီးထက်တွင် စိုက်ကာ တည်ရှိနေသည်၊ထိုကျောက်ပြားကြီးဟာ လူတိုင်းကို ကြောက်စရာကောင်းသည့်အရှိန်အဝါပေးနေတာကြောင့် ထိုကျောက်ပြားရဲ့တည်ရှိမှုကို လူတိုင်းဟာ သတိထားမိသည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now