Zawgyiဝမ်ဖေးရန်ဟာ အစတုန်းက ချင်ဟွာချန်ကို သတ်ရန်ရည်ရွယ်ချက်မရှိချေ၊ဒါပေမယ့် လူတချို့က မကျော်သင့်သည့်စည်းကို သိပုံမရတာကြောင့် နမူနာထားကာ သတ်ဖြတ်လိုက်ခြင်းဖြစ်သည်၊
ချင်အင်ပါယာကလား သူ့ကို ပြသာနာရှာရဲမှာ၊ ချင်ဟွာချန်က ချင်အင်ပါယာရဲ့အချစ်ဆုံးသားပေမယ့် ဘယ်ဧကရာဇ်က ကိုယ့်အင်ပါယာအပျက်စီးခံမဲ့လမ်းကို တိုးဝှေ့ရဲမှာလဲ? တကယ်လို့ ထိုချင်အင်ပါယာက ရူးသွပ်စွာ သူ့ကိုတိုက်ခိုက်လာမည်လည်း သူဂရုမစိုက်ချေ၊
ဝမ်ဖေးရန်ဟာ အေးဆေးစင်မြှင့်ထက်ကနေ ဆင်းလာပြီး မင်ထျန်းလော့တို့ဆီကို လျှောက်လှမ်းလာတော့သည်၊အခုတော့ စကားများနေသည့်တစ်သိုက်ဟာ ဟိတ်ကြီးဟန်ကြီးဖြင့် တည်ငြိမ်စွာ သူတို့ဆီလာနေတဲ့အလှလေးကို ဝိုင်းကြိုဆိုလိုက်ကြတော့သည်၊ အင်အားကြီးပြီး စွမ်းအားမြင့်တဲ့ခန့်ညားပြည့်စုံတဲ့ယောကျာ်းပျိုလေးဦးဟာ စာနဲ့ရေးဖွဲ့လို့မမီအောင်လှပသည့်အမျိုးသားငယ်လေးကို ဝန်းရံထားသည့်မြင်ကွင်းဟာ အလွန့်တရာကို နတ်ပန်းချီကားတစ်ချပ်လို လှပလွန်းသည်၊
ဒါပေမယ့် ထိုချိန်မှာ ကြီးကြပ်ရေးမှူးလောင်ရဲ့အသံကျယ်ကျယ်ကြောင့် သူတို့အတွေးများ ပြတ်တောက်သွားကာ အကုန်ရဲ့အာရုံဟာ စင်မြှင်ပေါ်ရောက်သွားကြတော့သည်၊
စင်မြှင့်အထက်တွင် အနက်ရောင်ခေါင်းစွပ်ဝတ်ထားပြီး အနက်ရောင်ခြုံထည်နဲ့လူငယ်ရှိနေပြီး မျက်နှာချင်းဆိုင်ဘက်တွင် အဖြူရောင်ဝတ်စုံဝတ်ထားသည့် ရှောင်ချင်းလင်လို့ခေါ်သည့် လူငယ်ရှိနေသည်၊ချန်ပီယံရမည်ဟုခန့်မှန်းထားတဲ့နှစ်ယောက်ပဲ!ဒါ စိတ်ဝင်စားစရာကောင်းတာပဲ ၊
ရှောင်ချင်းလင်ဟာ မောက်မာနေသည့်သူရဲ့အမူအရာကို ဖုံးကွယ်ထားခြင်းမရှိဘဲ သူရဲ့ပြိုင်ဘက်ကို အထင်သေးစွာကြည့်လိုက်ပြီး
"အရှူံးပေးမယ်ဆို အနက်ရောင်မီးတောက်ကျွန်းကအကြီးအကဲတွေအစား မင်းကိုကျေးဇူးတင်မိမှာ အမှန်ပဲ"လို့ စကားဟာ အခြားသူတွေဆို ချက်ချင်းအရှူံးပေးမှာ အမှန်ပေမယ့် ရှေ့ရှိလူငယ်ကတော့ အေးဆေးစွာ သူရဲ့ဓားကောက်ကို ထုတ်လိုက်ပြီး အထင်သေးစွာပြောလိုက်သည်၊
YOU ARE READING
Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)
Historical FictionTitle: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date: ????? ကျွန်တော့်ဘဝက အရမ်းသနားဖို့ကောင်းတာ ခင်ဗျားလေးလို့ သိမယ်မထင်ဘူးဗျာ၊ ကျွန်တော့် မိန်းမမပြောနဲ့ မူးလို့ရှူစရာစော်တောင် မရှိသေးဘူးလေ၊ဒါကို...