Zawgyi
ဝမ်ဖေးရန်တို့ တောအတွင်းပိုင်းထဲကို ရောက်လာရင်း သူတို့ဟာ တိုက်ခိုက်သံတွေ ထပ်မံကြားလိုက်ရပြန်တော့သည်၊ဒီတစ်ခါတော့ သူတို့ရဲ့မလှမ်းမကမ်းတွေ ကျင့်ကြံသူအဖွဲ့နှစ်ဖွဲ့ဟာ တိုက်ခိုက်နေသည်ကို တွေ့လိုက်ရတော့သည်
တစ်အုပ်စုဟာ မုဆိုးများဖြစ်ပုံရပြီး နောက်ထပ်အုပ်စုကတော့ ကျောင်းတော်တစ်ကျောင်းကျောင်းရဲ့တပည့်များဖြစ်ပုံရသည်၊ ဒါပေမယ့် ထိုကိစ္စဟာ သူတို့နဲ့မဆိုင်တာကြောင့် သူတို့ဟာရှောင်ဖယ်သွားရန် စိတ်ကူးလိုက်တော့သည်၊
ဒါပေမယ့် ပြသာနာဟာ သူတို့ကို သိပ်ချစ်ပုံရသည်၊မုဆိုးအဖွဲ့က လူတစ်ယောက်ဟာ သူတို့ဘက်ကို မြားတစ်စင်းလှမ်းပစ်လိုက်တော့သည်၊မြားဟာ ဝမ်ဖေးရန်ဆီ ဦးတည်ရောက်လာပေမယ့် ရှလုန်ရွိန်ဟာ သူရဲ့လက်နက်နဲ့ကာပေးလိုက်ပြီး ထိုမုဆိုးအဖွဲ့ထဲက ဝမ်ဖေးရန်ကို မြားနဲ့ပစ်လိုက်သည့် လေးသမားကို အေးစက်စွာစူးစိုက်ကြည့်နေတော့သည်၊
"အဟက် မင်းတို့သုံးယောက် ရောက်လာပြီးမှတော့ ဘာလို့ထွက်ပြေးဖို့ ကြိုးစားနေတာလဲ" လို့ မုဆိုးအဖွဲ့ထဲက မျက်နှာပေါ်အမာရွက်ကန့်လန့်ကြီးနဲ့လူဟာ ပြောလိုက်သည့်ချိန်မှာ ကျောင်းတော်ကတပည့်တစ်ယောက်ဟာ
"သူတို့က ငါတို့နဲ့မဆိုင်ဘူး သူတို့ကို သွားခွင့်ပေးလိုက်!" လို့ ပြောလိုက်တော့ ထိုအမာရွက်နဲ့လူဟာ ရယ်မောကာ
"မင်းတို့လို ကျောင်းတော်ကလူတွေရဲ့စကားကို ငါယုံကြည်မယ်ထင်နေလား၊ သွား သူတို့ကို ဖမ်းလိုက်စမ်း!"လို့ သူတို့ခေါင်းဆောင်စကားကြားသည်နှင့် ထိုမုဆိုးအဖွဲ့ဝင်တွေဟာလည်း ချက်ချင်း သူတို့ရဲ့သိုင်းဝိညာဉ်များထုတ်ကာ တစ်ဖက်သူတွေရှိန်သွားဟာ အရှိန်အဝါနဲ့ခြိမ်းခြောက်တော့သည်၊
ဒါပေမယ့် အဖွဲ့ခေါင်းဆောင်တစ်ယောက်ကသာ ဒီချုံးအဆင့် အလွှာတစ်အဆင့်သာဖြစ်ပြီး သုံးယောက်ကတော့ ဒီချူံးအဆင့်ကို ဝင်ရောက်ရန် လက်တကမ်းစာအလိုတွေရှိနေပြီး ကျန်သည့်သူများကတော့ ချီအဆင့်အောက်သိုင်းပညာရှင်တွေဖြစ်သည်၊ထိုအုပ်စုက ဒီချူံးအဆင့်နှစ်ယောက်နဲ့ထျန်းကျီအဆင့်ကျင့်ကြံသူအဖွဲ့ဖြစ်သည့်ဝမ်ဖေးရန်တို့ကို ဘယ်လိုလုပ် ခြိမ်းခြောက်နိုင်မည်လဲ၊
VOCÊ ESTÁ LENDO
Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)
Ficção HistóricaTitle: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date: ????? ကျွန်တော့်ဘဝက အရမ်းသနားဖို့ကောင်းတာ ခင်ဗျားလေးလို့ သိမယ်မထင်ဘူးဗျာ၊ ကျွန်တော့် မိန်းမမပြောနဲ့ မူးလို့ရှူစရာစော်တောင် မရှိသေးဘူးလေ၊ဒါကို...