Chapter -31

14.5K 2.1K 68
                                    

Zawgyi

ချင်ဟွာချန်ဟာ ရောက်လာသည့် အမျိုးသားကိုတွေ့သည့်အချိန်မှာ အရမ်းကိုအံ့အားသင့်သွားတော့သည်၊ဘာလို့လဲဆိုတော့ အခုရောက်ရှိလာသည့် ယောကျားပျိုသည် အခြားသူတွေရဲ့ စကားအရ ဒီချွင့်လွီ့ချွမ်းလေလံရုံခွဲရဲ့ခန်းမဆောင်သခင်လေးမှန်း သိလိုက်ရတော့သည်၊ ပထမက သူထင်ခဲ့တာ အသက်ကြီးကြီးအဘိုးအိုအရွယ်လိုက်ပေါ့၊အခုတော့ ရှောင်ဝေ့ရန်ဆိုတဲ့ကောင်ကို ကြင်နာစွာပြုံးပြနေတာမြင်တော့ သူ့စိတ်ထဲအလိုမကျဖြစ်လာတော့သည်၊ ရှောင်ဝေ့ရန်က သူ့လိုအင်ပါယာမင်းသားတစ်ပါးထက် ဘာများသာနေလို့လဲ၊ ပြီးတော့ နိုင်ငံတစ်နိုင်ငံရဲ့မင်းသားလည်းမဟုတ်ပဲ စစ်သူကြီးတစ်ဦးရဲ့အနွယ်အနှောင်းထဲက သားတစ်ယောက်သာသာ၊ အဲ့ကောင်ဆီမှာ လက်ရှိသုံးစားရတာဆိုလို့ ရုပ်ရည်ပဲရှိသည်၊

'အဟက်... ချင်းလင် ပြောတာအမှန်ပဲနေမယ် ယောကျာ်းတကာကို ရုပ်ပြ မြူဆွယ်နေတဲ့နိမ့်ပါးတဲ့မျိုးနွယ်ပဲ'လို့ စိတ်ထဲပြောလိုက်ပြီး လျစ်လျူရှုရန်ကြိုးစားနေပေမယ့်၊ချင်ဟွာချန်လို မင်းသားတစ်ပါးဟာ ရောက်လေရာနေရာမှာ လူတကာရဲ့ဦးစားပေးမှုကိုခံခဲ့ရပြီး ဘယ်နေရာရောက်ရောက် ယောကျာ်းပျိုတို့ရဲ့ဝန်းရံမှုကို ခံခဲ့ရသူဖြစ်သည်၊ဒါပေမယ့် အခုတော့ သာမန်နိုင်ငံတစ်နိုင်ငံရဲ့စစ်သူကြီး၏သားတစ်ယောက်ဟာ ချွင့်လွီ့ချွမ်းရဲ့ခန်းမဆောင်သခင်လေးရဲ့ ဦးစားပေးမှုကို ခံနေရသည်ကို မြင်တော့ သူ့စိတ်ထဲ ထူးဆန်းသည့်ခံစားချက်ကြီး ခံစားနေရသည်၊ထိုသို့ခံစားနေရသည်ကို ချင်ဟွာချန် မနှစ်မြို့ပေ၊ဒါ အခြားသူတွေဆီမှာ ကြားဖူးတဲ့ မနာလိုတဲ့ခံစားချက်ဆိုတာလား၊ချင်ဟွာချန်ရဲ့မျက်ခုံးများဟာ အလိုမကျသလို အလယ်ကိုစုကျုံသွားပေမယ့်

'ဟုတ်သားပဲ ခန်းမဆောင်သခင်လေးက ရုပ်ချောတဲ့သူတွေကို သဘောကျတာဖြစ်လောက်တယ်...ငါကလည်း လှပပြီးထက်မြက်တဲ့အိုမီဂါဖြစ်တဲ့အပြင် ချင်အင်ပါယာရဲ့မင်းသားတစ်ပါးလေ...ငါ့ကို မမြင်သေးလို့ ရှောင်ဝေ့ရန်ကို ဂရုစိုက်နေတာဖြစ်ရမယ်'လို့ တွေးတောမိလိုက်ပြီး သူရဲ့အဝတ်အစားများကို သေသပ်စွာပြင်ဆင်လိုက်သည်၊ဒဏ်ရာအတွက်လား စိတ်ပူစရာမလိုဘူး၊သူရဲ့သိုင်းဝိညာဉ်တွင် ပြန်လည်ကုသနိုင်သည့်အစွမ်းရှိတာကြောင့် လွန်ခဲ့တဲ့မိနစ်အနည်းငယ်ကပင် သူ့ဒဏ်ရာများဟာ အရှင်းကုသပြီးသွားပြီ ဖြစ်သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Onde histórias criam vida. Descubra agora