Zawgyi
"အစ်ကိုသုံးအပေါ် ကျွန်တော် ဘာတွေများလုပ်ခဲ့မိလို့လဲ" လို့ ဝမ်ဖေးရန်ဟာ ရှောင်ချင်းလင်နဲ့မျက်နှာချင်းဆိုင်ကာ မေးလိုက်သည်၊ရှောင်ချင်းလင်ဟာ အောက်နူတ်ခမ်းကို ဖိကိုက်လိုက်ပြီး ဝမ်ဖေးရန်ကို မုန်းတီးစွာ ကြည့်လိုက်သည်၊ဒီချိန်ကျမှ ဖုံးကွယ်ရန်အကြောင်းမရှိတော့ပေ၊
"မင်းမွေးလာတာကိုက အမှားပဲ!! ငါ မင်းကို မုန်းတယ်!!မင်းမွေးဖွားတုန်းက ခုနှစ်စင်ကြယ်ရဲ့ချီးမြှောက်မှုကို ခံခဲ့ရတယ်!! အဟက် ငါ့အမေ အမျိုးမျိုးကြိုးစားလာခဲ့တဲ့နေရာကလည်း မင်းအမေကြောင့် ယိုင်နဲ့လာတာလေ! မင်းက ချီမြှောက်ခံထားရတဲ့သူဖြစ်လည်း ဘာဖြစ်လဲ! မင်းအမေက ထန်းနိုင်ငံဘုရင် ညီမတော်ဖြစ်နေလည်း ဘာဖြစ်လဲ အခု မင်းအမေက ကိုယ်လုပ်တော် တစ်ယောက်သာသာပဲ ပြီးတော့မင်းကလည်း မင်းအမေလိုပဲ ကိုယ်လုပ်တော်သာသာပဲ ဖြစ်နေအုံးမှာပဲ"
'ခုနှစ်စင်ကြယ်ရဲ့ချီးမြှောက်ခံထားရသူ'ဒါဆို ငါ့ကိုယ်ထဲက နောက်ထပ်သိုင်းဝိညာဉ်က ခုနှစ်စင်ကြယ်ရဲ့နတ်ဘုရားမ လား' လို့ ဝမ်ဖေးရန်ဟာ စိတ်ထဲမှာ ပြောနေပေမယ့် အပြင်ပန်းကတော့ ဒေါသထွက်စွာဖြင့် စိုက်ကြည့်လိုက်တော့ ရှောင်ချင်းလင်ဟာ လှောင်ပြုံးပြုံးကာ ဆက်ပြောလာသည်၊
"ဘာလဲ နာသွားတာလား... ချင်နိုင်ငံရဲ့ဘိုးဘေးသာ မရှိရင် ရှောင်ဝေ့ရန် မင်းက အစ်ကိုအိုရန်ရဲ့ ကိုယ်လုပ်တော်မပြောနဲ့ အစေခံဖြစ်လာဖို့တောင် အဆင့်မမှီဘူး" လို့ပြောလိုက်တော့ ဝမ်ဖေးရန်ဟာ ခေါင်းတစ်ချက်ငုံ့သွားကာ သူရဲ့ကိုယ်ပေါ်မှာ အရှိန်အဝါတွေထွက်လာကာ အဖြူရောင်နဂါးကြီးဟာ ရှောင်ဝေ့ရန်နောက်ကနေ ပေါ်လာပြီး ကြီးမားတဲ့အရှိန်အဝါတွေနဲ့ ရှောင်ချင်းလင်ကိုယ်ပေါ်ကို ဖိထားကာ ကြည့်နေသည်၊
ရှောင်ချင်းလင်ဟာလည်း အောက်ကျမခံ သူရဲ့ဖီးနစ်ဝိညာဉ်ကိုခေါ်ကာ ဖိအားကိုအံတုလိုက်သည်၊ထိုနောက် လှောင်ပြုံးပြုံးလိုက်ပြီး
"မင်းမှာ ယင်နဂါးဝိညာဉ်ရှိတော့ကော ဘာထူးလဲ ချီအစပျိုးခြင်းအဆင့်သာရှိသေးတဲ့မင်းက ငါ့လို ချီအဆင့်ကျင့်ကြံသူကို ယှဉ်နိုင်မယ်ထင်နေလား" လို့ ပြောလိုက်ပြီး ရှောင်ချင်းလင်နောက်က ဖီးနစ်ငှက်ဟာ ကောင်းကင်ကိုပျံဝဲတတ်ကာ ကျယ်လောင်စွာ အော်မြည်တွန်လိုက်ပြီး အရှိန်အဟုန်ဖြင့် ဆင်းသက်လာကာ ရှောင်ဝေ့ရန်တို့ကို တိုက်ခိုက်ဖို့ ပြင်လိုက်သည်၊ရှောင်ချင်းလင်ဟာ မောက်မာစွာဖြင့်
YOU ARE READING
Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)
Historical FictionTitle: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date: ????? ကျွန်တော့်ဘဝက အရမ်းသနားဖို့ကောင်းတာ ခင်ဗျားလေးလို့ သိမယ်မထင်ဘူးဗျာ၊ ကျွန်တော့် မိန်းမမပြောနဲ့ မူးလို့ရှူစရာစော်တောင် မရှိသေးဘူးလေ၊ဒါကို...