Zawgyi
ဝမ်ဖေးရန်တို့ ချင်းကျန်ကွမ်ဆီ ရောက်လာတော့ တစ်ချို့မျက်နှာစိမ်းတွေကိုပါ တွေ့လိုက်ရသည်၊ဒါပေမယ့် ဝမ်ဖေးရန်လည်း သူနဲ့မဆိုင်တာကြောင့် တစ်ချက်သာ ကြည့်လိုက်ပြီး မင်ထျန်းလော့တို့နဲ့အတူ ချင်းကျန်ကွမ်ဆီသွားကာ နူတ်ဆက်လိုက်သည်၊ဘေးနားမှာလည်း ယုကလန်ကြီးကမင်းသမီးလေးယုယင်ချင်းရှိနေကာ သူမဟာ သူတို့ကို လက်ပြနူတ်ဆက်ရင်း အော်ဟစ်ပြောဆိုလာတော့သည်၊
"သခင်လေးဝမ်!!!မေ့ကျဲကျဲ"
"ချင်းအာ" ဝေမေ့ဟာလည်း ပြုံးကာ နူတ်ဆက်လိုက်ပြီးနောက်မှာ သူမဟာ သေတ္တာတစ်လုံးကို ဝေမေ့လက်ထဲ ထည့်ပေးလိုက်သည်၊ဝေမေ့ဟာ ပထမဟာ မှင်သက်သွားပေမယ့် သေတ္တာကိုဖွင့်ကာ ကြည့်လိုက်တော့ ရှေးဟောင်းနယ်မြေထဲဝင်ရမည့်သော့ဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်၊
"ဒါက... " ဝေမေ့ အံ့အားသင့်စွာဖြင့် ယုယင်ချင်းကို မော့ကြည့်လိုက်သည်၊ယုယင်ချင်းဟာ သူမရဲ့သွားအစွယ်လေးများပေါ်သွားတဲ့အထိ ပြုံးလိုက်ပြီးနောက်မှာ
"မေ့ကျဲကျဲအတွက်လက်ဆောင်လေ အမှန်တော့ ချင်းအာက အစတည်းက ပြိုင်ပွဲဝင်မပြိင်ရင်တောင် ရှေးဟောင်းနယ်မြေကို သွားဖို့သော့ရှိပြီးသားလေ"
"ဟင်း ဟုတ်တယ် ဝေမေ့ ဒီအကြီးအကဲတူမက တစ်ကယ်ကလေးဆိုးလေးပဲ သူက မင်းကို အဲ့သော့ပေးပြီး ရှေးဟောင်းနယ်မြေကို သွားခိုင်းစေချင်နေတယ်"ချင်ကျန်ကွမ်ဟာ ညီးညူစွာပြောလိုက်ပေမယ့် သူ့တူမဆန္ဒကို အလေးအနက်ထားပုံရသလို တန်ဖိုးကြီးတဲ့ဝင်ခွင့်သော့အတွက် နုမြောတွန့်တိုနေပုံမရပေ၊
"ဟုတ်တယ် မေ့ကျဲကျဲ ... ချင်းအာ ဒီလောက်ပဲ ကူညီပေးနိုင်တာ တောင်းပန်ပါတယ်နော်" ယုယင်ချင်းရဲ့မျက်ဝန်းလှလှလေးတွေဟာ အနည်းငယ်မှေးမှိန်သွားကာ လက်ရှိအကူညီအပေါ် အားမလိုအားမရဖြစ်နေပုံရသည်၊
ဝေမေ့ဟာ ထိုအမျိုးသမီးငယ်လေးရဲ့ခေါင်းကို ဖွဖွလေးပုတ်ပေးလိုက်ပြီး
"မမကို တစ်ကယ်ကူညီချင်တာလား" နူးညံကာချိုသာတဲ့အမျိုးသမီးရဲ့အသံဟာ တစ်ခြားသူတွေနဲ့ပြောဆိုချိန်မှာ ကွာခြားနေသည်ဟာ အထင်သားပင်၊ကျေးဇူးရှင်လို့သတ်မှတ်ခံထားရသည့်ဝမ်ဖေးရန်ပေါ်တောင် ဝေမေ့အသံဟာ ထိုသို့နုးညံမနေပေ၊
YOU ARE READING
Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)
Historical FictionTitle: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date: ????? ကျွန်တော့်ဘဝက အရမ်းသနားဖို့ကောင်းတာ ခင်ဗျားလေးလို့ သိမယ်မထင်ဘူးဗျာ၊ ကျွန်တော့် မိန်းမမပြောနဲ့ မူးလို့ရှူစရာစော်တောင် မရှိသေးဘူးလေ၊ဒါကို...