Chapter -33

13.2K 1.8K 41
                                    

Zawgyi

ဝမ်ဖေးရန်ဟာ ကျောက်စိမ်းရောင်လေမုန်တိုင်းကျားဧကရာဇ်ပေါက်စလေးကို သူနဲ့အတူ ရှောင်ကလန်ကို ပြန်ခေါ်လာခဲ့တော့သည်၊ရှောင်ကလန်ရောက်တော့ သူဟာ သူ့မိခင်ရဲ့ခြံဝင်းကိုသာ တန်းတန်းမတ်မတ်သွားလိုက်ပြီး တွေ့ခွင့်တောင်းဆိုလိုက်ပြီးနောက် အခန်းထဲဝင်လာတော့သည်၊ သူ့ကိုနွေးထွေးစွာ ကြိုဆိုနေသည့် သူမိခင်ကိုမြင်သည့်အချိန်မှာ ဝမ်ဖေးရန်စိတ်ထဲ ဖော်ပြမတက်အောင် ပျော်ရွှင်သွားမိသည်၊သူ့လို အမေ့မေတ္တာငတ်မွတ်နေသူတစ်ယောက်အတွက် ရှောင်ဝေ့ရန်မိခင်ရဲ့နွေးထွေးကြင်နာသည့်မျက်ဝန်းများဟာ သူ့ကို လုံခြုံမှုများပေးနေသဖွယ်ပေ၊

"အမေ သားပြန်လာပြီ" လို့ ပြောလိုက်ရင်း မျက်ရည်ဝဲမတက်ဖြစ်သွားတာကြောင့် မျက်ရည်မကျအောင်ထိန်းလိုက်ရသည်၊ဝမ်ဖေးရန်စိတ်ထဲ အတိုင်းမသိပီတိဖြစ်နေပေမယ့် ငိုလည်းငိုချင်သည်၊ထန်မေ့ရှင်းဟာ ချက်ချင်းခုံမှ ထကာ သူမသားအနီးကို ပြေးသွားတော့သည်၊

"သား... အမေ့သားလေး ဘာဖြစ်လို့လဲ လမ်းခရီးမှာ အမေ့သားကိုဘယ်သူအနိုင်ကျင့်လိုက်လို့လဲ"လို့ သူရဲ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ စိုးရိမ်ပူပန်သည့်အသံနဲ့မေးနေသည့် အမျိုးသမီးကိုကြည့်ရင်း ဝမ်ဖေးရန် ပါးမို့လေးများအပေါ်တက်သွားတဲ့အထိ ရယ်မောကာ ပြောလိုက်သည်၊

"ဘယ်သူက သားကို အနိုင်ကျင့်ရဲမှာလဲ...အမေ့သားက ဒီလောက် သန်မာတာကို"

ထန်မေ့ရှင်း သူမရှေ့မှာ လက်သီးလက်မောင်းပြကာ ခပ်နောက်နောက်လေး ပြောနေတဲ့သားတော်ကြောင့် သက်ပြင်းလေးချလိုက်ပေမယ့် ပူပန်နေဆဲပင်၊

"ဒါဆို ဘာလို့ငိုနေရတာလဲ သားလေးရယ်" လို့ ပြောရင်း ဝမ်ဖေးရန်ရဲ့မျက်လုံးထောင့်လေးမှာ စီးကျလုမတက်ဖြစ်နေသည့်မျက်ရည်ဥလေးကို ညင်သာစွာသုတ်ပေးလိုက်တော့သည်၊

"ဘာမှမဖြစ်ပါဘူး အမေ့ကို မေးစရာရှိတယ်..."လို့ ဝမ်ဖေးရန်ဟာ ထိုကိစ္စနဲ့ ပတ်သတ်ပြီး သူရဲ့အမေကို စိတ်မညစ်စေချင်တာကြောင့် စကားလမ်းကြောင်း လွဲတဲ့အနေနဲ့ သူ့လာရင်းကိစ္စကိုသာ မေးရန် အစပျိုးလိုက်တော့သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now