Zawgyi
စစ်လုံဟန်ဟာ ရယ်မောလိုက်ပြီး ဝမ်ဖေးရန်ရဲ့လက်လေးကိုဆွဲယူကာ တံဆိပ်တစ်ချို့ကို ထုတ်ယူလိုက်ပြီး ထည့်ပေးလိုက်သည်။ထိုနောက် သူဟာ လက်ပိုက်လိုက်ပြီး
"ကျွန်တော့်ဂျန်းဂျန်းက ကိုကို့ချီစွမ်းအင်အနံ့ကိုရတယ်ဆိုလို့ လမ်းကြုံဝင်လာရင်း... ဒီသုံးစားမရတဲ့တံဆိပ်တွေ ကောက်ရခဲ့တာ" လို့ ပြုံးကာ ပြောလိုက်တော့ အနက်ရောင်သားရဲဟာ စစ်လုံဟန်နား ဆင်းသက်လာကာ ဝမ်ဖေးရန်ရင်ခွင်ထဲ သူရဲ့ကြီးမားသည့်ခေါင်းကို ထိုးပေးလာတော့သည်၊
ဝမ်ဖေးရန်တစ်ယောက် စစ်လုံဟန်ရဲ့ကောက်ရသည်ဆိုသည့် စကားအဓိပ္ပါယ်ကို မယုံချင်ပေမယ့် သားရဲကြီးဂျန်းဂျန်းဟာ ချစ်စရာကောင်းနေတာကြောင့် ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီးနောက်မှာ စစ်လုံဟန်ပေးတဲ့တံဆိပ်တွေကို သိမ်းယူလိုက်ပြီး စစ်လုံဟန်ကို ကြည့်ကာ မေးလိုက်သည်၊
"မင်း ဝင်လာတုန်းက အတားအဆီးဝင်္ကပါတို့ဘာတို့နဲ့ မကြုံခဲ့ဘူးလား"
စစ်လုံဟန်ဟာ ခေါင်းခါလိုက်ပြီး ဒီတောအုပ်ထဲ ချောချောမောမောကို ရောက်လာခဲ့တာလို့ပြောလာတော့ ဝမ်ဖေးရန်ပင် ဒီ'ဟုန်'တောအုပ်တွေ လုံခြုံရေးအတားအဆီးတွေမရှိဘူးလို့တောင် ထင်လိုက်တော့သည်။
"ကိုကို သွားရအောင်လေ" လို့ စစ်လုံဟန်ဟာ ဝမ်ဖေးရန်လက်ကို ဆွဲကာခေါ်သွားရန်အလုပ် ဝမ်ဖေးရန်ဟာ ခေါင်းခါလိုက်ပြီး အနည်းငယ်စိတ်ပူသည့်အသံဖြင့်
"မင်း ပြန်ထွက်သွားတော့ အကြီးအကဲတွေကို မင်းကိုမိသွားရင် ဘယ်လိုလုပ်မလဲ" ပြောလိုက်သည်။စစ်လုံဟန်ဟာ စိတ်ထားကောင်းသည့်လူငယ်လေးတစ်ယောက်ဖြစ်တာကြောင့် သူအနေနဲ့ စစ်လုံဟန်ကို အကြီးအကဲတွေရဲ့ ဒေါသမရောက်စေချင်ပေ၊
စစ်လုံဟန်ဟာ သူ့ကို ဝမ်ဖေးရန်စိတ်ပူနေသည်ကို မြင်တော့ နဂိုပြုံးသည့်အပြုံးဟာ ပိုမိုတောက်ပလာသယောင်၊ဒါကြောင့် သူလည်း ဝမ်ဖေးရန်သဘောအတိုင်း လက်ခံလိုက်ပြီး ပုဝါကြားကနေ ဝမ်ဖေးရန်ရဲ့ဆံနွယ်အဖျားလေးကို ဆွဲယူလိုက်ပြီး နမ်းရှိုက်လိုက်ပြီး သူရဲ့အနက်ရောင်မျက်ဝန်းတောက်တောက်တစ်စုံဟာ ပုဝါအောက်က မျက်နှာလေးကို စူးစိုက်ကြည့်လိုက်ပြီး
YOU ARE READING
Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)
Historical FictionTitle: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date: ????? ကျွန်တော့်ဘဝက အရမ်းသနားဖို့ကောင်းတာ ခင်ဗျားလေးလို့ သိမယ်မထင်ဘူးဗျာ၊ ကျွန်တော့် မိန်းမမပြောနဲ့ မူးလို့ရှူစရာစော်တောင် မရှိသေးဘူးလေ၊ဒါကို...