Zawgyi
ဝမ်ဖေးရန်နဲ့ရှလုန်ရွိန်ဟာ တောအတွင်းပိုင်းထဲထိဝင်လာပြီးနောက်မှာ 'ဟုန်'တံဆိပ်ပြားများကို ရှာဖွေနေခဲ့သည်၊ဟုန်တောအုပ်ကြီးဟာ ကျယ်ဝန်းလှတာကြောင့် ပြိုင်ပွဲဝင်သူတွေနဲ့ဆုံရတာ ခက်ခဲလှသည်၊ဒါပေမယ့် တောအတွင်းပိုင်းရောက်လေလေ အန္တရာယ်ပိုများများလေဆိုတာ သူတို့နှစ်ယောက်နားလည်တာကြောင့် သတိနဲ့သာ သွားလာလှုပ်ရှားနေတုန်းမှာ ဝမ်ဖေးရန်ဟာ သူတို့ကို စောင့်ကြည့်နေသည့်အဖွဲ့ရှိသည်ကို သတိထားမိလိုက်တာကြောင့်
"လုန်ရွိန်... " ဝမ်ဖေးရန်ဟာ ဘေးပတ်ဝန်းကျင်ကို သတိနဲ့ကြည့်ရင်း ရှလုန်ရွိန်ရဲ့နာမည်ကို ခေါ်လိုက်တော့ ရှလုန်ရွိန်ဟာလည်း သူရဲ့နောက်ကျောက လှံကို ကိုင်လိုက်ပြီး ညာဘက်တောအုပ်ဘက်ကို စိုက်ကြည့်ကာ
"ထွက်ခဲ့စမ်း" လို့ အော်ပြောလိုက်တော့ ခြေသံတချို့ကိုကြားလိုက်ရတော့သည်၊ထိုနောက် အဝါရောင်ဆံပင်တိုနဲ့ အနည်းငယ်ကြည့်ကောင်းပေမယ့် ခက်ထန်သည့်မျက်နှာနဲ့လူဟာ ဦးဆောင်လာပြီး သူရဲ့အနောက်တွင်လည်း ကျင့်ကြံသူပြိုင်ပွဲဝင် အယောင်ငါးဆယ်ကျော်ကို တွေ့လိုက်ရသည်၊ထိုလူကို ဝမ်ဖေးရန်တို့သိသည်၊ ပြိုင်ပွဲဝင်တွေထဲက ဒီချူံးအဆင့်အလွှာငါးဖြစ်တာကြောင့် ချင်းကျန်ကွမ်(အကြီးအကဲချင်း)တောင် မဆိုးကြောင်းပြောလိုက်သည့်သူပင်၊ဒါကြောင့်လူတွေဦးဆောင်ပြီး ချက်ချင်းအဖွဲ့ဖွဲ့နိုင်ခဲ့တာ မဆိုးဘူးလို့ ဆိုရမှာပေါ့၊
ထိုလူဟာ ရှေ့တက်လာပြီး ဝမ်ဖေးရန်တို့ကို ကြည့်ကာ
"မင်းတို့ရခဲ့သမျှ တံဆိပ်ပြားတွေ ငါ့ဆီအပ်" လို့ ပြောလိုက်တော့ ရှလုန်ရွိန်ဟာ ဝမ်ဖေးရန်ကို အနောက်ပို့လိုက်ပြီး သူရဲ့သုံးခွလှံကို ဆွဲထုတ်ကာ ထိုလူကို ချိန်လိုက်ပြီး အထင်သေးစွာပြောလိုက်သည်၊
"တစ်ယောက်ချင်းလာမလား အဖွဲ့လိုက်လာမလား ကြိုက်သလိုလုပ်"
တစ်ဖက်က ကျင့်ကြံသူအဖွဲ့ရဲ့မျက်နှာဟာ တင်းမာခက်ထန်သွားတော့သည်၊ဒါပေမယ့် သူတို့ဟာ သူတို့ကို ဦးဆောင်ခေါ်လာသည့်ဒီချူံးအဆင့်ကျင့်ကြံသူကိုသာ ကြည့်လိုက်သည်၊ဘာလို့လဲဆိုတော့ သူတို့ရင်ဆိုင်နေရသည့်ကျင့်ကြံသူကလည်း ဒီချူံးအဆင့်ဖြစ်နေသည်မလား၊
YOU ARE READING
Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)
Historical FictionTitle: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date: ????? ကျွန်တော့်ဘဝက အရမ်းသနားဖို့ကောင်းတာ ခင်ဗျားလေးလို့ သိမယ်မထင်ဘူးဗျာ၊ ကျွန်တော့် မိန်းမမပြောနဲ့ မူးလို့ရှူစရာစော်တောင် မရှိသေးဘူးလေ၊ဒါကို...