Chapter - 16

16.3K 2.2K 135
                                    


Zawgyi

သေမယ်ကြီး တကဲကဲလုပ်နေသည့်ဝမ်ဖေးရန်အား မင်ထျန်းလော့ မတားဆီးနိုင်တဲ့အဆုံးမှာတော့ လည်ပင်းဂုတ်ကိုရိုက်ချလိုက်တော့သည်၊သူပေါ်လဲကျလာသည့် ဝမ်ဖေးရန်ကိုယ်လေးကို ညင်သာစွာပွေ့ချီလိုက်ပြီး ရီယွမ်ရှန့်ဘက်လှည့်ကာ ပြောလိုက်သည်၊

"ငါတို့နောက်မှာ နောက်ယောင်ခံလိုက်တဲ့သူတွေရှိတယ် သိလား"

ရီယွမ်ရှန့်ဟာ သူသိကြောင်း ခေါင်းညိတ်ပြလိုက်သည်၊ထိုနောက်ယောင်ခံလိုက်တဲ့သူတွေဟာ အဆင့်နိမ့်ကျင့်ကြံသူများဖြစ်တာကြောင့် ရီယွမ်ရှန့် သိပ်အလေးမထားပေ၊ဒါပေမယ့် ဒီမြို့မှာ သူရဲ့ရန်သူမရှိနိုင်သလို မင်ထျန်းလော့ရဲ့ရန်သူလည်းရှိမည်မဟုတ်ချေ၊ဒါဆို မင်ထျန်းလော့ရင်ခွင်ထဲက မေ့မျောနေတဲ့အမျိုးသားလေးကို ကြည့်လိုက်ပြီး ဖေးရန်ကို လုပ်ကြံဖို့လွှတ်လိုက်တဲ့သူတွေလား၊

"ငါ သွားစုံစမ်းလိုက်မယ်"

ရီယွမ်ရှန့်ဆိုလိုသည့်အကြောင်းအရာကို မင်ထျန်းလော့ကသိတာကြောင့်ခေါင်းညိတ်လိုက်သည်၊သူလည်း ထိုလုပ်ကြံသူတွေက ရန်အာနောက်လိုက်နေမှန်းရိပ်မိသည်၊ဟက် ငါတို့ရဲ့ရန်အာကို ထိခိုက်ဒဏ်ရာရအောင် လုပ်ချင်နေတယ်ပေါ့၊

အမွှေးတိုင်တစ်တိုင်ကုန်တဲ့အချိန်မှာ ရီယွမ်ရှန့်ဟာ ပြန်ရောက်လာသည်၊သူရဲ့မျက်နှာဟာလည်း တင်းမာနေပြီး အလိုမကျစွာ မျက်မှောင်ကြုတ်ထားပေမယ့် စိတ်ကို ပြန်ဖြေလျော့ကာ မင်ထျန်းလော့ကို သွားမဲ့အကြောင်းပြောလိုက်သည်၊

"သွားစို့"

"အင်း"မင်ထျန်းလော့ဟာလည်း တစ်ခုခုကို ရိပ်မိသွားဟန်ရှိပေမယ့် သူဟာမမေးတော့ဘဲ ရှောင်ကလန်ကိုသာ သူတို့ ပြန်လာကြတော့သည်၊

ရှောင်ကလန်ရဲ့ဝမ်ဖေးရန်၏ခြံဝန်းကိုရောက်တော့ မင်ထျန်းလော့ဟာ ကုတင်ပေါ်တွင် ရှောင်ဝေ့ရန်ကို ဖြေးညင်းညင်သာစွာတင်လိုက်ပြီး ရှောင်မုလို့ခေါ်တဲ့အစေခံလေးကို သူရဲ့သိုလှောင်လက်စွပ်ထဲက နှစ်တစ်ထောင်ရှိတဲ့ဂျင်ဆင်းကိုထုတ်ကာ ပြုတ်ခိုင်းလိုက်သည်၊အခန်းထဲ ဘယ်သူမှမရှိတော့မှ မင်ထျန်းလော့ဟာ ရီယွမ်ရှန့်ကို အကြောင်းအရင်းမေးလိုက်သည်၊့

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Tahanan ng mga kuwento. Tumuklas ngayon