Chapter - 8

19K 2.6K 107
                                    

Zawgyi

"အခုလိုကြွရောက်လာတဲ့ကျုပ်ရဲ့မိတ်ဆွေရောင်ရင်းအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်... သိတဲ့အတိုင်းပဲ ဒီနေ့ ကျွန်တော်ရဲ့ချစ်ရစွာသော တတိယသားငယ်ရဲ့ ဝိညာဉ်နိုးထပွဲနဲ့အတူ အခြားအကြောင်းအရာများပါ ဆွေးနွေးမှာဖြစ်ပေမယ့် အခုတော့ ဝိညာဉ်နိုးထပွဲသာ အရင်ဆုံးကျင်းပကျတာပေါ့"

ရှောင်သခင်ကြီးရဲ့အသံဟာ တည်ငြိမ်နေပေမယ့် သူမျက်နှာတွင်တော့ သူသားငယ်ပေါ်ကျေနပ်တာတွေကိုတွေ့နေရသည်၊ သိုင်းအဆင့်မြှင့်တဲ့အင်မော်တယ်ကျင့်ကြံသူငါးယောက်ဟာ တက်လာပြီး ဝင်္ကပါတစ်ခုကို ရေးဆွဲလိုက်ပြီးနောက် ထိုငါးဦးထဲက ဆံပင်အဖြူ မုတ်ဆိတ်မွှေးအဖြူနဲ့အဘိုးကြီးဟာ ကြည်လင်နေတဲ့ဖန်လုံးကို ရတနာတစ်ပါးလို သယ်ဆောင်လာကာ ဝင်္ကပါအလည်မှာထားလိုက်ပြီးနောက် ရှောင်ချင်းလင်ကို စင်ပေါ်လာရန် စေခိုင်းလိုက်တယ်၊

အဖြူရောင်ဝတ်စုံနဲ့ရှောင်ချင်းလင်ဟာ တကယ်ကိုလှပကာ သိမ်မွေ့နူးညံပုံပေါက်နေပေမယ့် လူကြီးတချို့ကတော့ ထိုလူငယ်ရဲ့မျက်ဝန်းထဲက မောက်မာမှုတွေကိုမကြိုက်ပေ၊ဒီလူငယ်သာ အဆင့်မြှင့်တဲ့ဝိညာဉ်ရရှိလို့ကတော့ သူတို့ခေါင်းကိုတောင် တက်ခွသွားနိုင်သည်၊ တခြားကလန်တွေဟာ သာမန်ဝိညာဉ်သာဖြစ်ရန် ဆုတောင်းနေကျတော့သည်၊

ဝမ်ဖေးရန်ကတော့ သိပြီးသားပင်၊သူက ဒီNovelရေးတဲ့သူဆိုတော့ အဘိုးကြီးတွေ တင်တကြွကြွဖြစ်နေတာလည်း သိသည်၊ဗီလိန်တွေ အားလုံးဟာ ဇာတ်လိုက်ထက် အကုန်သာကျတာကြီးပဲ အစ်ကို(၃)ဆိုတာ ဇာတ်လိုက်ရှောင်ဝေ့ရန်ကို အနိုင်ကျင့်ဖို့ ဖန်တီးပေးထားတဲ့ဗီလိန်ဇာတ်ကောင်ဖြစ်သည်၊ ဒီပွဲမှာ ရှောင်ချင်းလင်ဟာ ဖီးနစ်ငှက်ရဲ့အသိမှတ်ပြုခံရပြီး အပြာရင့်ဝိညာဉ်အဆင့်ဖြစ်တယ်၊သေချာတာပေါ့ ဒီနေ့ဟာ ဇာတ်လိုက်ရှောင်ဝေ့ရန်ဟာ အထင်သေးခံရပြီး ရှောင်ချင်းလင်ကတော့ တစ်နိုင်လုံးတွင်မက အိမ်နီချင်းနိုင်ငံတွေထိပင် နာမည်ကျော်ကြားသွားခဲ့တယ်၊

ဝမ်ဖေးရန် စဉ်းစားနေတုန်း ရှောင်ချင်းလင်ဟာ စင်ပေါ်တက်သွကာ လေပေါ်ပျံဝဲနေသည့် ဖန်လုံးပေါ် စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရင်း သူရဲ့လက်ကို ပင့်တင်လိုက်ပြီး မျက်လုံးမှိတ်ကာ ကိုယ်တွင်းထဲချီစွမ်းအင်ကို ဖန်လုံးဆီ ပို့သလိုက်တယ်

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now