Chapter - 18

16.4K 2.2K 67
                                    


Zawgyi

"ရပ်ကျတော့... လော့ကောကောနဲ့ယွမ်ရှန့်"

သူမှ မတားရင် မိုးချုပ်မဲ့အထိရန်ဖြစ်ကျမည့်ပုံပင်၊အချင်းချင်းမကြည်ကြည့်လိုက်ပြီး မင်ထျန်းလော့ကပဲ စတင်မေးမြန်းလိုက်သည်၊သူဟာ ရီယွမ်ရှန့်ကို စိတ်ရှုပ်စရာလူအဖြစ်ကြည့်ကာ မေးလိုက်သည်၊

"မင်း ဘာကိစ္စရှိလို့လဲ"

"မင်း စာကလေး(သတင်းပို့သူ)တွေကလည်း နှေးလိုက်တာ... ချင့်လွီ့ချွမ်းကိုတော့ သိတယ်မလား" ရီယွမ်ရှန့်ဟာ ပြောလိုက်တော့ ဝမ်ဖေးရန်လည်း သိချင်စိတ်ပြင်းပြသွားတော့သည်၊

A/N- ချင့်လွီ့ချွန်း(အစိမ်းရောင်လွင်ပြင်)

"ချင့်လွီ့ချွမ်း  အဲ့တာ ဘာလဲ ယွမ်ရှန့်"

"ချင့်လွီ့ချွမ်းက ရှားပါးပစ္စည်းတွေ၊ရှားပါးသည့်ဆေးပင်တွေ၊တန်ဖိုးရှိတဲ့သားရဲတွေ ပြီးတော့ ရဖို့မလွယ်တဲ့ပစ္စည်းတွေကို လေလံတင်ရောင်းချပေးတဲ့ ဒီလောကမှာ တစ်ခုတည်းသောလေလံရုံပဲ သူတို့က နှစ်၅၀မှာတစ်ကြိမ် ဒီလောကအနှံ့လိုက်လံလေလံတင်ရောင်းချတာလေ...ဖေးရန် ကံကောင်းတာပေါ့"

"ဘာလို့ ကံကောင်းတာလဲ"ဝမ်ဖေးရန်ဟာ မေးလိုက်ပေမယ့် စိတ်ထဲမှာတော့ မကျေနပ်ပေ၊သူမှာ ခြူးတစ်ပြားတောင် မရှိပေ

'ကံမကောင်းပါဘူး ငါ့မှာ ပိုက်ဆံတစ်ပြားမှမရှိဘူးလေ...ရှားပါးပစ္စည်းတွေဆိုထဲက မိုးမျှော်အောင်ဈေးခိုက်မယ်ဆိုတာ ပြေးမေးစရာမလိုဘူး...'ဝမ်ဖေးရန် စိတ်ထဲကနေ ငြီးငြူနေတော့သည်၊

"ကိုယ် ကြားတာက အဲ့လေလံရောင်းချမဲ့ပစ္စည်းတွေထဲမှာ 'ရွယ်ဆွေ့'ဓား ပါ လေလံတင် ရောင်းချမယ်လို့ ကြားတယ် "ရီယွမ်ရှန့်ပြောလာချိန်မှာ ဝမ်ဖေးရန်လည်း ထိုဓားကို စိတ်ဝင်စားသွားတော့သည်၊

"ရွယ်ဆွေ့ဓားက စိတ်ဝိညာဉ်အဆင့်ဓားပဲလေ"လို့ ပြောလာတာကြောင့် ဝမ်ဖေးရန် ကြေကွဲသွားတော့သည်၊လက်ရှိပုံစံနဲ့ဆို ဘယ်လိုမှ ဝယ်နိုင်မည်မဟုတ်ပေ၊

"အဲ့ဓားက တန်ဖိုးကြီးမဲ့ပုံပဲ လော့ကောကော နဲ့ ယွမ်ရှန်တို့ကကော မလိုချင်ဘူးလား..."

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Wo Geschichten leben. Entdecke jetzt