Zawgyi
မြို့တော်ဝန်လောင်ပင်မက အနီးနားမှာရှိတဲ့ကျင့်ကြံသူတွေဟာလည်း ရုတ်တရက်ပေါ်လာသည့်လူကို ကြည့်ရင်း နောက်ဆုတ်သွားကြတော့သည်၊ဘာလို့လဲဆိုတော့ ထိုလူရဲ့ဘေးပတ်လည်တွေ အနက်ရောင်မြူများဆိုင်းနေပြီး အန္တရာယ်အငွေ့အသက်များကို သူတို့မသိစိတ်ကနေ ခံစားနေရတာကြောင့်ဖြစ်သည်၊
မြို့တော်ဝန်လောင်ဟာ စိတ်ထဲ အကြောက်တရားကို ခံစားလိုက်ရပေမယ့် ခုနကထွက်လာသည့်စကားသံဟာ အသက်နှစ်ဆယ်စွန်းစွန်းလူငယ်တစ်ယောက်ရဲ့အသံနဲ့ဆင်တာကြောင့် သူ့လို ရှင်းကျီအဆင့်ကျင့်ကြံသူတစ်ယောက်ကို ယှဉ်နိုင်မှာလဲ၊
ခုနက ဆေးလုံးစားလိုက်တဲ့ကျင့်ကြံဆင့်မြှင့်တက်သွားတဲ့အိုမီဂါလူငယ်လေးကတော့ချွင်းချက်ပေါ့၊ ထိုလူငယ်စားလိုက်တဲ့ထိုဆေးက အဆင့်မြှင့် ယာယီအဆင့်တက်ဆေးလုံးဖြစ်တာကြောင့် သူအနေနဲ့ သရေ သရေဖြစ်သွားခဲ့ခြင်းဖြစ်သည်၊မြို့တော်ဝန်လောင်ဟာ ဝမ်ဖေးရန်ဟာ သိုင်းဝညာဉ်ကြောင့် ယာယီအဆင့်တက်သွားသည်လို့မထင်ပဲ ဆေးကြောင့်ဟုသာ ထင်မှတ်နေတော့သည်၊
နောက်ထပ်လူငယ်တွေမှာတော့ အဲ့လိုဆေးလုံးမျိုး ထပ်ရှိနေနိုင်မယ်လို့မထင်ပေ၊ပိုမဖြစ်နိုင်တာက သူ့ရှေ့မှာ လာရပ်နေသည့်လူငယ်က သူ့ထက် အဆင့်ြှမင့်နေစရာ အကြောင်းမရှိပေ၊ဒါကြောင့် သူဟာ ခုနကလို ကြောက်စိတ်များပြယ်သွားပြီး အထင်သေးစွာဖြင့်
"ဟက် မင်းလို မလောက်မလေးစားကောင်ကများ ဒီအဘိုကြီး လမ်းကိုပိတ်ရဲတယ်ပေါ့ တော်တော်သတ္တိရှိနေတယ်ပေါ့" လို့ ပြောလိုက်ပြီးသည်နှင့် ကြီးမားသည့်ဖိအားဟာ မြို့တော်ဝန်လောင်ပေါ် ကျရောက်လာတော့သည်၊
မြို့တော်ဝန်လောင်တင်မက မြို့တော်ဝန်လောင်နဲ့အနီးဆုံးဖြစ်သည့်ပန်းတစ်ထောင်ချိုင့်ဝှမ်းက ဆရာတွေနဲ့ တပည့်တွေဟာ ပြင်းထန်သည့်ဖိအားကနေ ရိုက်ခတ်လာသည့် သက်ရောက်အားကို ခံလိုက်ရသဖြင့် ထျန်းကျီအောက် ကျင့်ကြံသူတွေဟာ ချက်ချင်းဒူးထောက်ကုန်ကာ ဖိအားကို ကြိတ်ခုခံနေပြီး ဒီချူံးအဆင့်နဲ့ဒီချူံးအဆင့်အောက်ကျင့်ကြံသူတွေကတော့ ချက်ချင်းသွေးအန်ကာ မေ့လဲသွားကြတော့သည်၊ကျိုးလင်းအာအပါအဝင်ပေါ့၊
YOU ARE READING
Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)
Historical FictionTitle: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date: ????? ကျွန်တော့်ဘဝက အရမ်းသနားဖို့ကောင်းတာ ခင်ဗျားလေးလို့ သိမယ်မထင်ဘူးဗျာ၊ ကျွန်တော့် မိန်းမမပြောနဲ့ မူးလို့ရှူစရာစော်တောင် မရှိသေးဘူးလေ၊ဒါကို...