Chapter -69

6.4K 1K 27
                                    

Zawgyi

ပိုးသားအင်္ကျီအပြာရောင်နဲ့ အမျိုးသားတစ်ယောက်ဟာ သိုင်းစင်မြင့်နှစ်ဘက်ကို ရောက်လာတာတွေ့တော့ လူအားလုံးဟာ စိတ်ဝင်စားသွားတော့သည်။ပုဝါခမောက်ဆောင်းထားတာကြောင့် မျက်နှာကို မတွေ့ရပေမယ့် အိုမီဂါအမျိုးသားတစ်ယောက်မှန်း သူတို့သိလိုက်သည်၊ဒီအိုမီဂါက ဘယ်လိုသတ္တိမျိုးနဲ့ စင်မြင့်နှစ်ကို သွားတာလဲ၊

ရီယွမ်ရှန့်ဟာလည်း သူ့စင်မြင့်ဘက် ​ရောက်လာသည့် သူကြောင့် မျက်မှောင်ကြုတ်သွားပေမယ့် အလှမ်းဝေးမှာ တွေ့နေသည့်ရှလုန်ရွိန်တို့ကြောင့် သူဆီလာနေသူကို မျှော်လင့်ချက်ကြီးကြီးစိုက်ကြည့်နေတော့သည်။သူရှေ့က ပိုးသားအင်္ကျီအပြာရောင်ဝတ်ဆင်ထားသည့်အမျိုးသားလေးဟာ ခမောက်ဆောင်းထားရာကနေ ချွတ်လိုက်ပြီး နက်ပြာဆံပင်လေးများဟာ ခါးထိဝေ့ဝဲနေပြီး မျက်နှာထက်၌ မက်မွန်ပွင့်သုံးပွင့်နဲ့ဇာထိုးသည့်ပိုးပုဝါကို တပ်ဆင်ထားတာကြောင့် မျက်နှာအောက်ပိုင်းဟာ ဖုံးအုပ်ခြင်းခံထားရပေမယ့် မျက်ခုံးသွယ်သွယ်အောက်က မျက်လုံးလေးနဲ့တင် လူတကာငေးမောသွားစေတာ အမှန်ပဲ၊ထိုကြည်လင်သန့်စင်ကာ အပြာရောင်ဥဿဖရားကျောက်လေးလို တလဲ့လဲ့ထနေသည့်မျက်ဝန်းများလည်း ပျော်ရွှင်ရိပ်များ ဖုံးကွယ်မထားပေ၊

"ရီယွမ်ရှန့်!" အိုမီဂါအမျိုးသားလေးနဲ့အသံဟာ ညင်သာစွာတိုးထွက်လာတော့သည်။လူတိုင်းဟာ ကျင့်ကြံသူများဖြစ်တာကြောင့် သူတို့နားဟာ ပါးကြတာကြောင့် တစ်ဖက်ကအိုမီဂါအမျိုးသားလေးအသံကို ရှင်းရှင်းလင်းလင်းကြားရလိုက်သည်။

အဝေးရှိ စင်မြင့်ကိုးက လှပသည့်အိုမီဂါလေးဟာလည်း ထိုအိုမီဂါကို ကြည့်ကာ လှောင်ရီလိုက်ချင်စိတ်တွေတဖွားဖွားပင်၊အစ်ကိုရီက သူတို့အန်းရှထျန်းဂိုဏ်း(အန်ရှ​ကောင်းကင်ဂိုဏ်း)ကို ရောက်လာတည်းက အစွမ်းအစကိုဖော်ထုတ်ပြသရုံသာမက သူ့အနားကပ်ချင်သည့်အမျိုးသမီးတွေ၊အိုမီဂါတွေကိုပါ အရှက်ကွဲမတတ်ပြတ်သားစွာ ငြင်းထုတ်သူဖြစ်သည်။

သူကျန်းဝေရှီဟာ ဂိုဏ်း၏အကြီးအကဲချုပ်မြေးဖြစ်နေခဲ့တာတောင် ဂိုဏ်းတူအစ်ကိုရီဟာ မျက်နှာသာမပေးခဲ့ပေ၊ဒါပေမယ့် တခြားအိုမီဂါတွေလို သူဟာ မချဉ်းကပ်ဘဲ ညီအစ်ကိုသဘောသာဆက်ဆံတာကြောင့် အစ်ကိုရီဟာ သူ့အပေါ်အကောင်းမြင်နေပြီဖြစ်သည်။အစ်ကိုရီက နောက်ဆို သူ့ကိုချစ်ကျွမ်းဝင်ကာ သူရဲ့အယ်လ်ဖာဖြစ်လာလိမ့်မည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now