Chapter - 17

16.1K 2.1K 182
                                    


Zawgyi

အမျိုးသမီးဟာ နာကြင်ကြေကွဲနေတဲ့မျက်ဝန်းများဖြင့် သူကိုမော့ကြည့်ကာ သူရဲ့အင်္ကျီစတွေကို အားကိုးတကြီးဆုပ်ကိုင်လိုက်ပြီး

"အမေ့ကို အခွင့်အရေးတစ်ကြိမ်ပဲ ထပ်ပေးပါ...."

ဝမ်ဖေးရန် အမေ့မေတ္တာကို နားမလည်ချေ၊ဘာလို့လဲဆိုတော့ သူရဲ့မိခင်က သူ့သုံးနှစ်အရွယ်ထဲက လင်ငယ်နောက်လိုက်သွားခြင်းဖြစ်သည်၊ဒါကြောင့် သူရေးသားသည့် Novelတွေဟာ မိခင်မေတ္တာအကြောင်းမပါပဲ၊မကောင်းကြောင်းတွေသာ ပါခဲ့သည်၊သူကို ထားရစ်ခဲ့တဲ့ မိခင်ကြောင့်ဖြစ်သည်၊အခုတော့ ဇာတ်အိမ်လွဲသွားတဲ့သူရဲ့Novelထဲက ရှောင်ဝေ့ရန်မိခင်ဟာ နောက်ကွယ်ကနေ စောင့်ရှောက်ပြီး ကာကွယ်ပေးခဲ့တယ်တဲ့၊ဝမ်ဖေးရန် ထိုအမျိုးသမီးရဲ့မျက်ဝန်းများကို ကြည့်လိုက်တော့ သူရဲ့နှလုံးသားထဲထိပင် ခံစားနေရသည်၊ နွေးထွေးခြင်း၊လုံခြုံခြင်း၊သောကကင်းခြင်း၊အေးချမ်းခြင်း ထိုခံစားတွေကို သူခံစားနေရသည်၊တုနှိုင်းမရနိုင်တဲ့တန်ဖိုးရှိတဲ့စိတ်ခံစားချက်တွေ၊သူ့ဘဝမှာ တစ်ခါမှ ထိမတွေ့ဖူးတဲ့အမေ့မေတ္တာ၊

'ဒါ မိခင်မေတ္တာလား...'

ငါ ယုံကြည်သင့်လား နောက်ထပ် အလိမ်အညာတွေ ဖြစ်နေခဲ့ရင်ကော ရှောင်ဝေ့ရန် မင်းသာဆိုရင် ဘာလုပ်မလဲ၊

"သားလေး အမေ့ကို မယုံကြည်ရင် အခုချက်ချင်း သွေးသစ္စာဆိုပြမယ်!" အမျိုးသမီးဟာ ဆုံးဖြတ်ချက်ပြတ်သားသောမျက်နှာဖြင့် ချက်ချင်း ဓားတိုလေးတစ်ချောင်းကိုထုတ်ကာ လက်ကိုလှီးမလို့ လုပ်နေချိန်မှာ ဝမ်ဖေးရန်ဟာ တားဆီးလိုက်ပြီး

"အမေ... ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်တဲ့အလုပ်တွေ မလုပ်ပါနဲ့"

"သားလေး အမေ့ကို အမေလို့ ခေါ်လိုက်တယ် ဟုတ်လား "အမျိုးသမီးဟာ မျက်နှာကိုလက်နဲ့အုပ်ကာ တရှိုက်ရှိုက်နဲ့ငိုယိုပြီး ပျော်ရွှင်ဝမ်းသာသည့်အသံဖြင့် ပြောနေတာကြောင့် ဝမ်ဖေးရန် အနာဂတ်အမေလောင်းကြီးကို ရင်ခွင်ထဲထည့်ကာ ဖက်လိုက်တော့သည်၊

"အမေ...မငိုပါနဲ့" ဝမ်ဖေးရန်တစ်ယောက် ငိုယိုနေသော သူရဲ့မိခင်အားချော့မော့နေရင်း တစ်ချို့အကြောင်းအရာတွေလည်း သိလာခဲ့သည်၊ ချင်နိုင်ငံဟာ ထန်နိုင်ငံရှိ ရတနာတစ်ခုကို မက်မောတာကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူပေါင်းပြီး ရှင်းထုတ်ခဲ့ကြောင်းကို သူမိခင်ဟာ ပြောလာခဲ့သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now