Zawgyiချင်အိုရန်ကတော့ သူနဲ့စေ့စပ်မဲ့သူရှောင်ဝေ့ရန်ရော၊ သူကိုသဘောကျနေတဲ့ရှောင်ချင်းလင်တို့က ထိုအကြီးအကဲဆိုတဲ့ရီယွမ်ရှန့်ပေါ် သဘောကျနေတာ မြင်တော့ စိတ်ထဲ ထောင်းခနဲဖြစ်သွားတော့သည်၊သူတစ်လျှောက်မှာ ရုပ်ရည်နဲ့ရူံးနိမ့်ခဲ့ဖူးတာ ရှိပေမယ့် အရည်အချင်းနဲ့ဆိုရင် ဒီနိုင်ငံက လူငယ်အားလုံးထက် သာလွန်သူတစ်ယောက်ဖြစ်တာကြောင့် အခု သူနဲ့ရွယ်တူလောက်သာရှိတဲ့လူငယ်တစ်ယောက်ဟာ နေမင်းတစ်စင်းလို ထွန်းလင်းတောက်ပနေသည်ကို မြင်တော့ မနာလိုရှုစိမ့်စွာဖြင့် ခနဲ့ပြောဆိုလိုက်သည်၊
"ရှောင်သခင်ကြီး သတိလည်းထားအုံး အန့်ရှကောင်းကင်ဂိုဏ်းက ချင်နိုင်ငံနဲ့ မိုင်ပေါင်းသောင်းချီကွာဝေးတာလေ.. လူလိမ်နဲ့တိုးနေမယ်" ချင်အိုရန်ရဲ့ စကားဟာ ရှောင်သခင်ကြီးကိုပြောပေမယ့် ရီယွမ်ရှန့်ပေါ် စော်ကားနေမှန်းသိသာသည်၊
ထိုစကားကြောင့် ရီယွမ်ရှန့်ရဲ့မျက်နှာအမူအရာဟာ အေးစက်ခက်ထန်သွားပြီး ချင်အိုရန်ကို စိုက်ကြည့်လာတော့သည်၊အေးစက်စက်အကြည့်များရယ် ရုတ်တစ်ရက်အပူရှိန်ကျဆင်းသွားသည့်ပတ်ဝန်းကျင်နဲ့အတူ ပြတ်သားသည့်အမိန့်သံတစ်သံထွက်ပေါ်လာတော့သည်၊
"ဒူးထောက်"
အေးစက်စက်အသံနဲ့အတူ ကြောက်စရာကောင်းတဲ့ဖိအားကြောင့် မင်ထျန်းလော့နဲ့ဝမ်ဖေးရန်ကလွဲ၍ ကျန်တဲ့သူတွေမှာ ဒူးတွေတုန်ကာ အချို့ဆို မြေပေါ်ကိုဒူးထောက်လဲကျသွားပြီး ချင်အိုရန်လည်း ထိုကြောက်စရာဖိအားကြောင့် ဒူးတစ်ဖက်ထောက်ကာ ကြမ်းပြင်ပေါ်ထိုင်ကျသွားပြီး ရီယွမ်ရှန့်ကို မုန်းတီးစွာစိုက်ကြည့်လိုက်သည်၊ ထိုဖိအားဟာ ချင်အိုရန်ပေါ် ပိုကျပေမယ့် ဘေးနားကလူတွေကိုလည်း မလွတ်ချေ၊ ထိုနောက် ရီယွမ်ရှန့်ဟာ အန့်ရှကောင်းကင်ဂိုဏ်းရဲ့အကြီးအကဲတံဆိပ်ကို သူတို့ရှေ့ ပစ်ချလိုက်သည်၊
"ငါ့ကို လူလိမ်လို့ပြောချင်တာလား"
ခရမ်းရောင်သတ္ထုနဲ့ရောနှောထားပြီး အလယ်တွင် နဂါးတစ်ကောင်တိမ်တိုက်ကနေထိုးထွက်လာသည့်ပုံရေးဆွဲထားပြီး ထိုပုံရဲ့အောက်တွေလည်း ရီယွမ်ရှန့်လို့ရေးထားသည်၊အလွန်ခန့်ညားထည်ဝါသောတံဆိပ်တွင်လည်း ဖိအားတစ်ချို့ပါနေကာ ရှောင်အိမ်တော်ကလူတွေ ချွေးများထွက်လာပြီး ရှောင်သခင်ကြီးဟာ ကြမ်းပြင်ပေါ်ဒူးထောက်လိုက်ပြီး ခွင့်လွှတ်စကားပြောဆိုလာတော့သည်၊
YOU ARE READING
Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)
Historical FictionTitle: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date: ????? ကျွန်တော့်ဘဝက အရမ်းသနားဖို့ကောင်းတာ ခင်ဗျားလေးလို့ သိမယ်မထင်ဘူးဗျာ၊ ကျွန်တော့် မိန်းမမပြောနဲ့ မူးလို့ရှူစရာစော်တောင် မရှိသေးဘူးလေ၊ဒါကို...