Trap For You Only (46) ( Zawgyi )

32.4K 719 62
                                    

ညနေခင်း ကမ်းခြေတစ်လျှောက် ကိုကိုနှင့် ငယ် လက်ချင်းတွဲကာ လမ်းလျှောက်နေကြစဉ် ငယ် ကိုကို့ကြည့်ကာ စဉ်းစားခန်းဝင်နေမိသည်။ ခြောက်ပေသုံးအရပ်ရှိသော ကိုကိုက Gym Trainer ဖြစ်သည့်အလျှောက် ကြွက်သားအဖုအထစ်တွေနဲ့ တကယ့်ကို မြင်သူတိုင်း နောက်တစ်ခေါက်ပြန်လှည့်ကြည့်ကြစမြဲ။

ငယ်က အရပ်ပုတဲ့အထဲ မပါပေမဲ့ ကိုကိုနှင့်ယှဉ်ရင်တော့ ပုသွားသယောင်။ အထူးသဖြင့် ကိုကို့ဗလကြီးတွေကြောင့် ငယ့်ပုံစံလေးက အလိုလို သေးကွေးသွားရသည်။ ငယ့်ကိုယ်လုံးလေးကို ကိုကို့လက်တစ်ဖက်တည်းနဲ့တောင် မချီလို့ရသည်အထိ။

အင်း ... ကိုကို့ကြွက်သားဗလတွေ အကြောင်းတွေးရင်း အိပ်ရာထက်က အချစ်နလန်ထပွဲတွေအကြောင်းစဉ်းစားမိတော့ မျက်နှာအနည်းငယ်ပူလာရသည်။ ကိုကိုနဲ့ချစ်တင်းနှောတိုင်း ငယ့်မှာ အသိစိတ်လွတ်ရသည်။ တစ်ကြိမ် နှစ်ကြိမ်လောက်နှင့် မကျေနပ်နိုင်သည့်ကိုကို့အလိုကို ငယ် အမြဲတမ်းဖြည့်ဆည်းပေးနေရသည်။

တခြားအချိန်တွေဆို နူးညံ့ကြင်နာတတ်သလောက် အိပ်ရာပေါ်ရောက်သွားရင် မကောင်းဆိုးဝါးတစ်ကောင်လို သောင်းကျန်းတတ်သည့်ကိုကို့ကို ရန်တွေ့မိချင်‌ပေမဲ့လည်း ချစ်တင်းနှောပြီးတိုင်း စကားပြောဖို့တောင် အားမရှိတော့သည့်ဘဝ။ ဟိုလူယုတ်မာကြီးကတော့ ငယ့်အသွေးအသားကို သူ့စိတ်ကြိုက် အလုံးစုံစားသုံးတော့တာပဲ။

ဒါပေမဲ့ ငယ် ကျေနပ်တယ်။ ဒီလူကြီးကို ရဖို့ ငယ် ဘယ်လောက်ထိကြိုးစားခဲ့ရသလဲ။ အခုတော့ ငယ် အရူးအမူးချစ်ခဲ့ရတဲ့ ဒီလူက ငယ့်အပေါ်ကနေ စီးမိုးပြီး ငယ့်တစ်ကိုယ်လုံးကို သူ့အပိုင်လို သဘောထားနေတာကို ငယ် သဘောမကျဘဲ ဘယ်နေမလဲ။ ဘာပဲပြောပြော ကိုကိုက တစ်သက်လုံး ငယ့်အပိုင်။

အခုလည်း ငယ်တို့လမ်းလျှောက်နေရင်း ဖြတ်သွားဖြတ်လာမိန်းမတွေရော ယောကျာ်းတွေရောက ကိုကို့ကို ကြည့်ကာ တီးတိုးသဖန်းပိုးနေကြသဖြင့် ငယ် နှုတ်ခမ်းလေး ဆူထားလိုက်မိသည်။

ငယ့်မျက်နှာကို အရိပ်တကြည့်ကြည့်လုပ်နေသည့်ကိုကိုက

" ငယ်လေး ဘာဖြစ်လို့လဲ ဘာအလိုမကျလို့လဲ ”

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခတ်ေတရပျနား ]Where stories live. Discover now