Trap For You Only (27) ( Unicode )

70.4K 1.9K 144
                                    

" ငယ် ရော့ ဒါလေး စား "

ဟိုတယ်က restaurant တစ်ခုမှာ ငယ်တို့သုံးယောက် မနက်စာစားနေကြခြင်းဖြစ်သည်။ ငယ်ကြိုက်တတ်တဲ့စားစရာတွေဆို ကိုကိုက ငယ့်ပန်းကန်ထဲ လာလာထည့်ပေးတတ်သည်။

" ဒါနဲ့ ကိုကိုလင်းတို့ အခု ဒါစားပြီးရင် ဘယ်သွားဖို့ အစီအစဉ်ရှိလဲ "

" ဘယ်မှ မသွားဘူး နေရာကိုပဲ တန်းပြန်မှာ "

ကိုကို ပြောဖို့ပြင်နေတုန်း ငယ် ဝင်ဖြတ်လိုက်သည်။

" ကမ်းခြေလာပြီး ဘယ်မှမသွားဘူးလား ကိုကိုလင်းတို့က ပျင်းစရာကြီး "

" ပျင်းစရာမရှိပါဘူး ဒီကိုရောက်ကတည်းက နေ့တိုင်း စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စတွေကိုပဲ လုပ်နေတာ "

" ငယ်ကလည်း "

ကိုကိုက ငယ့်ကို ဝင်ဟန့်ပေမဲ့ ငယ်ကတော့ ဂရုစိုက်မနေ။

" စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စဟုတ်လား ဘာကိစ္စလဲ "

တကယ့်စပ်စုစိန်ပဲ ပြဿနာအိုးမကတော့။

" လက်ထပ်ပြီးသား စုံတွဲတစ်တွဲက မိုးလင်းကနေ မိုးချုပ် အခန်းထဲက မထွက်ဘဲ လုပ်နေကြတဲ့ကိစ္စက ဘာဖြစ်မလဲ မိပန် .. သေချာပေါက် အိပ်ရာပေါ်က ကိစ္စပဲပေါ့ "

" အသွေး နင်နော် ... "

" ငယ်ကလည်း အပျိုလေးကို ဘာတွေသွားပြောနေတာလဲ "

" ဘာဖြစ်လဲ ပြောတော့ မဟုတ်လို့လား ငယ်တို့ စရောက်ကတည်းက တစ်ချိန်လုံး အဲ့ဒါပဲ လုပ်နေကြတာလေ ဒါ သဘာဝပဲ ဘာရှက်စရာရှိလို့လဲ ".

" သဘာဝက ဟုတ်ပါတယ် ဒါပေမဲ့ ပန်ပန်က ကိုကို့ညီမလေ ငယ်က အဲ့လိုပြောတော့ ကိုကို့မျက်နှာ ဘယ်မှာသွားထားရမလဲ "

" ထားချင်တဲ့နေရာမှာ ထားလိုက် ကိုကို .. ဒါနဲ့ မိပန် နင်ကရော ဘာကိစ္စ ဒီအထိ လိုက်လာရတာလဲ ငါ ခုနကတည်းက မေးချင်နေတာ "

" ငါ ပြောပြီးသားလေ အသွေးရာ ကိုကိုလင်းကို လာရှာတာပါဆို "

" ငါ ပြောမယ် မိပန် နင် ငါတို့ကို လာရှာပြီး ဘာလုပ်မလို့လဲ ဒီအချိန်က ငါတို့ ဟန်းနီးမွန်းထွက်နေတဲ့အချိန် နင့်ကို ဧည့်ခံဖို့မအားဘူး နင် လစ်တော့ ပြီးတော့ ငါ့ကိုကို,ကိုလည်း လာပြီး ပလီပလာတွေလာလုပ်ပြမနေနဲ့ မုန်းဖို့ကောင်းတယ် "

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခေတ္တရပ်နား ]Dove le storie prendono vita. Scoprilo ora