" ငယ် ... ငယ် ကိုယ် တောင်းပန်ပါတယ် ငယ်ရာ "
" ခင်များ ဖယ် ... ကျွန်တော်ကို လာမထိနဲ့ "
ငယ် အရမ်းဒေါသထွက်လွန်းလို့ ပြောစရာစကားတွေတောင် ပျောက်ရှကုန်သည်။
" ငယ် ... ငယ် ကိုယ့်ကို ကြည့်ပါဦး "
" ခင်များမျက်နှာကို မကြည့်ချင်ဘူး "
တိုက်ထဲ ပြန်ရောက်လာသည့်အထိ ငယ်နဲ့ ကိုကိုတို့ရဲ့စစ်ပွဲက အရှိန်မသေသေး။
" ငယ်ရာ ကိုယ် ငယ့်ကို ဘယ်လောက်ချစ်လဲဆိုတာ ငယ် မသိဘူးလား "
" မသိဘူး ခင်များဟာမကိုပဲ သွားချစ် ကျွန်တော့်ကို လာမချစ်နဲ့ "
" ကိုယ့်မှာ ချစ်စရာက ငယ်တစ်ယောက်ပဲ ရှိတာကို ငယ်ရာ ငယ့်ကိုတောင် ချစ်လို့မဝတာ ကိုယ်က တခြားဘယ်သူ့ကို သွားချစ်ရမှာလဲ "
ငယ့်ကိုယ်လေးကို အနောက်ကနေ သိုင်းဖက်ပြီး တတွတ်တွတ်ချော့မော့လာသည့်ကိုကို။ ဒါပေမဲ့ ငယ် လုံးဝ လုံးဝ စိတ်မပြေသေးပါ။
" ပန်ဆင်ထိပ်ထားဆိုတဲ့ ခင်များရဲ့ငယ်ကျွမ်းဆွေ ငယ်ချစ်ဦးကို သွားချစ်လေ ခင်များ အရမ်းသည်းသည်းလှုပ်နေတဲ့အဲ့တစ်ယောက်လုံးရှိနေသေးတာပဲ ဖယ် ကျွန်တော့်ကို လွှတ် ခင်များ ကျွန်တော့်အသားကို လုံးဝ လာမထိနဲ့ "
" ငယ်ကကွာ ကိုယ့်ကို သဝန်တိုနေတာလား "
" မတိုဘူး တိုစရာလား ဘာသဝန်တိုစရာရှိလို့လဲ ခင်များမှာပဲ အရန်လူရှိတယ်ထင်လား ကျွန်တော့်မှာလည်း ရှိတယ် ကျွန်တော် ကြိုက်ရာလူကို ခေါင်းခေါက်ရွေးပစ်လို့ရတယ် "
ငယ် မခံချင်စိတ်နဲ့ပြောပစ်လိုက်တော့ ကိုကို့မျက်နှာကြီးက မှောင်ကုတ်သွားပြီး ငယ့်ကို ဖက်ထားသည့်လက်တွေက ပိုတင်းကျပ်လာသည်။
" ငယ် ကိုယ့်ကို အရမ်းစိတ်ဆိုးနေရင်တောင် အဲ့လိုတွေ မပြောနဲ့ ငယ် .. ကိုယ် တကယ်သည်းမခံနိုင်ဘူး ကိုယ် အရမ်း သဝန်တိုတယ် "
" သဝန်တိုပေါ့ ကျွန်တော်နဲ့ဆိုင်လား ခင်များလည်း ဟိုတစ်ယောက်ကိုပဲ ပြုံးပြုံးကြီး သွားစကားပြောနေလိုက် ကျွန်တော့်ကိစ္စတွေကို ဝင်မပါနဲ့ "
![](https://img.wattpad.com/cover/239894847-288-k274030.jpg)
YOU ARE READING
𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခတ်ေတရပျနား ]
Romance18+ Erotic Fiction 🔞🚨 ကြမ်းတမ်းတဲ့ လိင်အသုံးအနှုန်းတွေ ပါမှာမို့လို့ ၁၈နှစ်ကျော်မှ ဖတ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ❌ ၁၈နှစ်မပြည့်သေးတဲ့ ကလေးတွေအတွက် လုံးဝ လုံးဝ မဟုတ်ပါ။ 🚨 သတိပေးထားပါတယ်။ 🚨 သတိပေးထားပါတယ်။ 🚨 သတိပေးထားပါတယ်။