Trap For You Only (69) ( Zawgyi )

13.7K 471 27
                                        

တစ်လကျော်ခန့်ကြာသော်

သုံးနာရီခန့်အချိန်ကြီးဖြစ်သဖြင့် လင်းရောင်ရှိန် အိမ်မပြန်ရသေးပေ။ အမှန်ပြောရရင် အိမ်ကိုလည်း ပြန်ချင်စိတ်မရှိပေ။ အိမ်ကို ပြန်လိုက်တိုင်း ကြောင်ဖြူပေါက်လေးကို ခဏခဏပြန်မြင်ယောင်နေမိတာ တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်းမဟုတ်။

ကြာတော့ လူက ကိုယ့်ကိုယ်ကိုယ် ရူးသွားပြီလားတောင် ထင်မိတဲ့အထိပင်။ ဒါမှမဟုတ် သူ တကယ်ပဲ ရူးသွားတာများလား။

အိမ်ကို ပြန်ရောက်တိုင်း ငယ်လေးရဲ့အပြုံးတွေ၊ အမူအရာတွေ၊ စကားသံလေးတွေ၊ အငွေ့အသက်လေးတွေကို လင်းရောင်ရှိန် လွန်လွန်ကြူးကြူး သတိရမိနေတာက ဘာကြောင့်များပါလိမ့်။

အား ! တကယ်ပဲ ရူးသွားလိုက်ပါတော့လား။

အဆိုးဆုံးက ညဘက်အချိန်တွေဖြစ်သည်။ ငယ်လေးကို သူ့ရင်ခွင်ထဲထည့်ပြီး ညတိုင်း ထွေးပွေ့အိပ်စက်ခဲ့ရတဲ့အချိန်ကာလတွေ။ တစ်ရေးနိုးလာတိုင်း သူ့ရင်ခွင်ထဲမှာ အေးအေးချမ်းချမ်း အိပ်စက်နေတဲ့ ကြောင်ဖြူပေါက်လေးကို ငေးကြည့်မိနေတာက အကြိမ်ပေါင်း မရေမတွက်နိုင်။

သူ လှုပ်လိုက်ရင် ဒီကလေး နိုးသွားမလားစိုးရိမ်မိတာကြောင့် လှုပ်တောင် မလှုပ်ရဲဘဲ လက်မောင်းတစ်ဖက်လုံး အကျင်ခံရတဲ့‌ညတွေ။ အေးစိမ့်နေတဲ့ အဲကွန်းလေကြောင့် ဒီကလေး ပြန်ဖျားသွားမလားဆိုပြီး ကိုယ့်ဟာကိုယ် တစ်ကိုယ်တည်း ယောက်ယက်ခတ်ကာ စိုးရိမ်မိခဲ့တဲ့ညတွေ။

အနားမှာ သူစိမ်းလူရှိရင် လုံးဝမအိပ်တတ်တဲ့သူက ညအိပ်ည‌နေ အလုပ်ကိစ္စနဲ့ ခရီးသွားဖြစ်ခဲ့ရင်တောင် အတွင်းရေးမှူးဖြစ်တဲ့သူရိန်နဲ့ ကုတင်ခြားပြီး တစ်ခန်းတည်းအတူတူအိပ်ရမှာကို‌တောင် ဇီဇာကြောင်ပြီး အခန်းသက်သက်ငှားအိပ်တတ်တဲ့သူ့လို လူက ကြောင်ဖြူပေါက်လေးနဲ့ တစ်ကုတင်တည်း အတူတူအိပ်ရတာကို နည်းနည်းလေးတောင် စိတ်ရှုပ်တယ်လို့ မခံစားမိဘူးတဲ့လေ။

အခုတော့ သူ့အိပ်ရာနံဘေးက အေးစက်နေခဲ့ချေပြီ။ အရာအားလုံးက ဗလာဟင်းလင်းဖြစ်နေခဲ့ချေပြီ။ ဘာတွေကများ မှားယွင်းကုန်တာလဲ။

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခတ်ေတရပျနား ]Donde viven las historias. Descúbrelo ahora