Trap For You Only (59) ( Zawgyi )

14.7K 427 52
                                    

“ အရူးကောင် !!!! ”

ငယ်သွေးသစ်တစ်ယောက် စိတ်တိုစွာဖြင့် အော်ဟစ်ပစ်လိုက်သည်။ ဒီနေ့တစ်နေ့လုံး ငယ် ပွစိပွစိလုပ်လို့မပြီးနိုင်တော့ပါ။ ဘယ်ပြီးပါ့မလဲ။

ဟိန်းထက်ဆိုတဲ့အရူးကောင်ကြောင့် Gym ကို မဖြစ်မနေသွားနေရတာ ဘယ်နှရက်တောင်ရှိသွားပြီလဲ။ ( ငယ်လေးဖရန့်ကို နာမည်ပြောင်းထားပါတယ် )

အလေ့အကျင့်မရှိသဖြင့် ပထမနေ့ကတည်းက လူက ကိုက်ခဲ‌နာကျင်‌နေသည်။ တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလို ကိုက်ခဲနေသည့်ကြားမှ ဒီနေ့လည်း Gym ကို ကတိအတိုင်း မဖြစ်မနေထပ်သွားရပေဦးမည်။

ဒီနေ့က Gym သွားတာ ၆ရက်မြောက်ဖြစ်သဖြင့် လူက တော်တော့်ကို ပြိုင်းကျနေသည်။ ဖြစ်နိုင်မည်ဆိုလျှင် Gym နှင့်အဝေးဆုံးတစ်နေရာရာဆီသို့သာ ထွက်ပြေးလိုက်ချင်သည်။ အဲဒီလောက်ထိ ငယ် Gym သွားရမည်ကို မုန်းပါသည်။

သို့သော် ယခုတော့ ငယ့်ဆန္ဒနှင့် ဆန့်ကျင်ဘက်လုပ်ရပ်တွေကိုသာ လုပ်နေရသဖြင့် ငယ် စိတ်ဆင်းရဲသည်။ ငိုချင်သည်။

အမှန်တော့ ငယ်က ဒီနေ့ Gym သွားဖို့အစီအစဉ်မရှိပါ။ အိမ်မှာ တစ်ရက်လောက် အေးအေးဆေးဆေး အနားယူချင်သည်။

အဲဒါကို ဟိုအရူးကောင်က လူကို မရမကအကြပ်ကိုင်ကာ Gym ကို အတင်းလာခိုင်းသဖြင့် ငယ်လည်း ရှုံ့မဲ့မဲ့ဖြင့် ရောက်ချလာရသည်။

လုံးဝ မလုပ်ချင်သည့်ကိစ္စကို လုပ်နေရသည့်အတွက် စိတ်က နည်းနည်းလေးမှ မကြည်ပေ။ လူတိုင်းကို ရန်လိုနေသည်။

အခုချိန်မှာ ငယ့်ဘေးနားက လူ‌ဖြတ်လျှောက်သွားရင်တောင် ဘာကိစ္စ ဖြတ်လျှောက်ရတာလဲဟု ရန်ထောင်ချင်နေသည့်အထိ ငယ့်စိတ်က အစိုးမရ။

တစ်ယောက်ယောက်ကို ရန်လုပ်ချင်နေသည်။ အော်ဟစ်ပစ်ချင်သည်။ ထုရိုက်ပစ်ချင်သည်။ ဟိုအရူးကောင် ဟိန်းထက်ကို အော်မယ်ကြံခါရှိသေး ဒင်းက အရိပ်အခြည်သိစွာ အလျင်အမြန်ကိုယ်ယောင်ဖျောက်သွားချေပြီ။

ငယ့်ကို အဝတ်လဲခန်းထဲမှာ တစ်ယောက်တည်းထားခဲ့ပြီး ဒင်းက ဘယ်စော်ကို ဖွန်သွားကြောင်ပြန်ပြီလဲမသိ။

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခတ်ေတရပျနား ]Where stories live. Discover now