Trap For You Only (74) ( Unicode )

57.1K 1.9K 538
                                    

ကောမန့်လေးတွေ ပေးသွားကြနော် ခမည်းခမက်တို့ 😚

နက်ဂတစ်ကောမန့်ဆိုရင်တော့ ပေးစရာမလိုဘူး ပြန်မျိုချထားလိုက်ပါ

နက်ဂတစ်ကောမန့်တွေ မြင်ရင် အိုင် စာရေးချင်တဲ့မုဒ်ပျောက်ပြီး စိတ်လေလာလို့ ..

စိတ်ပျော်ချင်လို့ ပလပ်ဖစ်ရေးတာနော် သိဖို့ 😙

◾◾◾◾◾

ဘာလိုလိုနဲ့ ကိုကို စင်ကာပူကို ရောက်နေတာ ဆယ်ရက်တောင် ကျော်သွားခဲ့ချေပြီ။ အစကတော့ လေလံပွဲကိစ္စကြောင့် ကိုကို စင်ကာပူမှာ တစ်ပတ်လောက်ပဲ ကြာမှာပါလို့ ထင်ခဲ့ပေမဲ့ လေလံပွဲမှာ ပြဿနာအနည်းငယ်ဖြစ်သွားသဖြင့် အချိန်ပိုကြာသွားခဲ့ရသည်။

ထို့အပြင် လေလံပွဲမှာပဲ ကိုကိုက စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ အသိမိတ်ဆွေဖြစ်သွားကြသဖြင့် စင်ကာပူ၌ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းကိစ္စများကလည်း ပိုတိုးပွားလာသည်။ အလုပ်သရဲကိုကိုကလည်း ငယ်တို့ရဲ့နောင်ရေးအတွက်ဟုဆိုကာ သူ ရရှိလာသမျှ အခွင့်အရေးတွေကို လုံးဝလက်လွတ်မခံဘဲ ဆက်လက်တိုးချဲ့နေသဖြင့် အခုချိန်ထိ စင်ကာပူ၌ သောင်တင်နေရခြင်းဖြစ်သည်။

တစ်ပတ်ဆိုရင်တောင်မှ ငယ် ကိုကို့ကို အရမ်းလွမ်းနေမိပြီကို။ အခုလို ဆယ်ရက်ကျော်တောင်ဆိုတော့ ပို၍ဆိုးတော့သည်။ လွမ်းနာကျလွန်းလို့ လူက အိမ်မှာ နေမပျော်တော့ပေ။ အရင်လို ငယ့်အနားမှာ အမြဲလိုက်စောင့်ရှောက်ပေးမဲ့ ကိုကို မရှိတော့ ရင်ထဲမှာ ဟာတာတာကြီးနဲ့ နေရခက်လိုက်တာ။

လွမ်းတယ် .. လွမ်းတယ် .. လွမ်းတယ်

ငယ် ကိုကို့ကို အရမ်းလွမ်းတာပဲ။ ကိုကို ငယ့်ဘေးနားမှာ မရှိတော့တာနဲ့ ငယ့်မှာ နွေးထွေးမှုတွေအကုန် ရုတ်တရက် ပျောက်သွားသလိုပင်။ ဘေးလူတွေက ပိုလိုက်တာလို့ဆိုလည်း ဆိုကြပါစေ။ ငယ် ခံစားနေရတာကို ငယ်ပဲ သိတယ်။

ငယ် ဖျားနေသဖြင့် မမက အိမ်မှာ လာနေပြီး ငယ့်ကို သေချာဂရုစိုက်ပေးသည်။ မာမီ့အိမ်မှာ သွားနေမလားလို့ မေးပေမဲ့ ငယ် ငြင်းပစ်ခဲ့သည်။ ဒီအိမ်ကြီးထဲမှာ ကိုကို မရှိပေမဲ့ ကိုကို့အငွေ့သက်လေးတွေ ကျန်နေသေးတယ်လေ။ ငယ့်မှာ အဲဒါလေးတွေနဲ့ပဲ အလွမ်းဖြေနေရတာ။

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခေတ္တရပ်နား ]Where stories live. Discover now