Trap For You Only (73) ( Unicode )

43.1K 1.7K 365
                                    

“ ငါ့မောင်ကို ပြန်ပေး ”

“ မပေးနိုင်ဘူး နင် ကြိုက်သလို လုပ် မိဝါ ”

“ ငါ နင့်ကို ရဲတိုင်ပြီး လာဖမ်းခိုင်းမယ် ”

“ တိုင်လေ တိုင်ပေါ့ ငါက ကြောက်ရမှာလား ”

“ နင် ငါ့မောင်ကို အလိုမတူဘဲ ပြန်ပေးဆွဲထားတာက ပြစ်မှုမြောက်တယ်နော် ငလင်း .. နင် ဂျေးအောင်းရမှာ ”

“ ငါ ပြောပြီးသား မိဝါ နင့်ဘာသာ နင် ကြိုက်သလို လုပ် .. ငါကတော့ ငယ့်ကို ပြန်မပေးလိုက်နိုင်ဘူး .. ငါ စိတ်ပိုင်းဖြတ်ပြီးသွားရင် ဘယ်တော့မှပြန်မပြင်တတ်ဘူးဆိုတာ နင် အသိဆုံး ”

“ ငလင်း !! ”

ပြောရခက်သည့် ငလင်းကြောင့် ဝါ အသားတွေ တဆတ်ဆတ်တုန်ကာ ဒေါသထွက်လာသည်။ ဘာမပြော ညာမပြောနဲ့ ငယ့်ကို ခေါ်သွားတာ ဝါ့ကို အကြောင်းလေးတောင် မကြား။ တစ်ညလုံးလည်း ပြန်မလွှတ်ဘဲ သူ့အိမ်မှာသာ ခေါ်ထားသည်။ ငယ့်မိဘတွေကလည်း ငယ် မပြောမဆိုနဲ့ ညလုံးပေါက် ပြန်မလာတော့ စိုးရိမ်လွန်ပြီး ဝါ့ဆီကို တဂွမ်ဂွမ်ဖုန်းဆက်နေလို့ မနည်းဖြောင်းဖျထားရသည်။

ငယ့်မိဘတွေက ငယ့်ကို တအားချစ်ကြတာ။ နည်းနည်းလေးတောင် အစွန်းထင်း ထိခိုက်ခံတာမဟုတ်။ ဒီအရွယ်ရောက်တဲ့အထိ ငယ် ဖြစ်ချင်တာ မှန်သမျှကို အလိုလိုက်ထားပြီး ရွှေပေါ်မြတင် ဖူးဖူးမှုတ်ထားတာ။ အဲဒီလို သူများအိမ်က တစ်ဦးတည်းသော အဖိုးတန်သားလေးကို ဒင်းက ခေါ်ချသွားတာများ မသိရင် သူ့အပိုင်ကျနေတာပဲ။

ငယ်ကလည်း အိမ်ပြန်မလာ၊ ငယ့်မိဘတွေကလည်း စိတ်အပူလွန်။ အရေးထဲ ဒင်းလက်ချက်လို့ တွေးမိလို့ ဟုတ်၊ မဟုတ် အတည်ပြုရအောင် ညကတည်းက ဖုန်းဆက်နေတာကိုလည်း ဒင်းက မကိုင်ဘဲ ချချပစ်သည်။ ဘယ်လိုတောင် အကျိုးနည်းနေမှုကြီးလဲ။

မတတ်နိုင်သည့်အဆုံး ငယ့်အခင်ဆုံးသူငယ်ချင်း ဟိန်းထက်ကို ဖုန်းဆက်ပြီး အကျိုးအကြောင်း မေးကြည့်ရာ နောက်ဆုံး ရစ်ချတ်ဆီက အဆက်အသွယ်ရတော့မှပဲ ဇာတ်ရည်လည်သွားတော့သည်။

အဲဒါနဲ့ မနက်မိုးလင်းတာကို စောင့်ရင်း မိုးလင်းတာနဲ့ ဒီကို အရောက်လာခဲ့ရတာပဲ။ ဒါတောင် ငလင်းက ဝါ့ကို ငယ်နဲ့ တွေ့ခွင့်မပေးဘဲ နှင်ထုတ်နေလို့ ရန်ဖြစ်နေရသည်။ ဖြစ်နိုင်ရင် အခုမှ အရမ်းတွေချစ်ပြနေသည့် လင်းရောင်ရှိန်ရဲ့မျက်နှာကြီးကို ဝါ ကုတ်ဆွဲပစ်ချင်လိုက်တာ။

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခေတ္တရပ်နား ]Where stories live. Discover now