ဒီအပိုင်းကို အရှည်ကြီးရေးပေးထားလို့ အိုင် ကောမန့်တွေ အများကြီး အများကြီး လိုချင်တယ်နော် ဟွန့် အိုင် ဒါပဲ ပြောမယ် ဒီလောက်ပြောရင် ခမည်းခမက်တို့ အလိုက်သိကြ 😾
( နှစ်ပိုင်းစာလောက် ရှိလို့ ကောမန့်လေးတွေ ပေးရင်း အေးအေးဆေးဆေးဖတ်ကြနော် ချစ်တယ် မွ 😙🖤 )
◾◾◾◾◾
ကားပါကင်သို့ ရောက်ခါနီးလာကတည်းက လင်းရောင်ရှိန်လည်း ခြေလှမ်းများကို အရှိန်မြှင့်ကာ ခပ်သွက်သွက်လျှောက်လိုက်၏။ ခြေလှမ်းတိုင်းက မြန်ဆန်နေသလို ပခုံးပေါ်မှာ ထမ်းထားသည့်လူလည်း ပေါ့ပါးသဖြင့် သူ့အဖို့ နည်းနည်းလေးတောင် ဝန်မပိပေ။
ကြွက်သားဗလအဖုအထစ်အပြည့်နဲ့ အသားညိုညိုထောင်ထောင်မောင်းမောင်းလူတစ်ယောက်က အင်မတန်လှပချစ်စရာကောင်းပြီး ဖြူဖွေးနုနယ်သည့် လူငယ်လေးအား ပခုံးပေါ်မှာ ထမ်းခေါ်လာသည့်ဖြစ်ရပ်ကို ထူးထူးဆန်းဆန်း ဝိုင်းကြည့်နေသူများရှိပေမဲ့ လင်းရောင်ရှိန်ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်ပေ။
သူ့ပခုံးပေါ်တွင် ထမ်းလျက် အနေအထားဖြင့် လိုက်ပါလာသော ကြောင်ဖြူပေါက်လေးကမူ ခုနက သူ့ရဲ့ချိန်းခြောက်စကားများကြောင့်ထင့်။ ရုန်းကန်ခြင်းလည်း မရှိတော့သလို အော်ဟစ်ဆဲဆိုခြင်းလည်း မပြုတော့ပေ။
ပခုံးပေါ်မှာ ထမ်းထားသည့်အတွက် ကြောင်ဖြူပေါက်လေးရဲ့လုံးပြီးထင်းထွက်နေတဲ့တင်ပါးတွေက သူ့မျက်နှာနဲ့ကပ်လျက်သား။
လမ်းလျှောက်နေရင်းနဲ့တောင့် သူ့အကြည့်များက ကြောင်ဖြူပေါက်လေးရဲ့တင်ပါးလုံးလုံးအိအိလေးများကနေ မခွာနိုင်။
ဒီကြောင်ဖြူပေါက်က တင်ပါး ရဲရဲနီအောင် အရိုက်ခံရမှာတော့ ကြောက်သား။ ဒါတောင် တစ်ခေါက်တည်း ပြောလို့ရတာမဟုတ်။ သူ့ပခုံးပေါ်ကနေ အတင်းရုန်းကန်နေလို့ တင်ပါးလုံးလုံးအိအိလေးကို ငါးချက်လောက် ဆော်ပေးလိုက်ရသေးသည်။ အဲ့အချိန်ကျမှ ထပ်အဆော်ခံရမှာစိုးလို့ ငြိမ်ကျသွားတာ။
တကယ်တော့ လင်းရောင်ရှိန်လည်း ကိုယ့်စိတ်ကိုယ် မနည်းကြိုးစား၍ ထိန်းချုပ်ထားရတာဖြစ်သည်။ တကယ်လို့များ သူ့စိတ်ရိုင်းများကို စိတ်တိုင်းကျ လွှတ်ပေးလိုက်မိပါက ထိုလူတွေရဲ့ရှေ့မှာတင် သူ ငယ့်ကို တစ်ခုခုလွန်ကျူးမိပေလိမ့်မည်။
YOU ARE READING
𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခတ်ေတရပျနား ]
Romance18+ Erotic Fiction 🔞🚨 ကြမ်းတမ်းတဲ့ လိင်အသုံးအနှုန်းတွေ ပါမှာမို့လို့ ၁၈နှစ်ကျော်မှ ဖတ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ❌ ၁၈နှစ်မပြည့်သေးတဲ့ ကလေးတွေအတွက် လုံးဝ လုံးဝ မဟုတ်ပါ။ 🚨 သတိပေးထားပါတယ်။ 🚨 သတိပေးထားပါတယ်။ 🚨 သတိပေးထားပါတယ်။
![𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခေတ္တရပ်နား ]](https://img.wattpad.com/cover/239894847-64-k274030.jpg)