“ ဒါဆိုလည်း ကိုယ် အခုပဲ ငယ့်ကို ... ”
“ ကိုကို ! ”
ရုတ်တရက် ကိုကိုက ငယ့်ကိုယ်လေးကို မွှေးပွကော်ဇောပေါ် လှဲချလိုက်သဖြင့် လန့်သွားရသည်။
“ လန့်သွားတာလား ငယ် ”
ကိုကိုက ငယ့်နဖူးလေးကို မြတ်မြတ်နိုးနိုးနမ်းရှိုက်ရင်း မေးလာသည်။
“ အင်း နည်းနည်း ”
“ ဒီည ငယ် ဒီထက်လန့်စရာတွေအများကြီး ကြုံရဦးမှာ ”
ပြူးကျယ်သွားသည့်မျက်လုံးဝိုင်းဝိုင်းလေးကို ကြည့်ရင်း အသဲယားလာသည်။ နီထွေးစိုအိနေသည့်နှုတ်ခမ်းလေးကို ဖွဖွလေးတစ်ချက်နမ်းရှိုက်လိုက်သည်။
နှုတ်ခမ်းနှစ်စုံပူးကပ်သွားသည့်ခဏအတွင်းမှာပဲ ငယ့်ရဲ့ဆွဲဆောင်မှုတွေအောက်မှာ သူ အတုံးအရုန်းကျဆုံးသွားရသည်။ ဘယ်လိုနည်းနဲ့မှကို ပြန်မလွှတ်ပေးနိုင်တော့ဘူး။
ပြွတ်စ်! ပြွတ်စ်!
ငယ်မျက်နှာလေးကို လက်နှစ်ဖက်နှင့် ကိုင်လိုက်ပြီး နှုတ်ခမ်းလေးကို ရူးရူးမူးမူးနမ်းရှိုက်နေမိသည်။ အိစက်နေသည့်နှုတ်ခမ်းသားအရသာက သေလို့ပင်ရသည်။ ဖြစ်နိုင်ရင် ငယ့်ကို တစ်သက်လုံးပြန်မလွှတ်ပေးချင်တော့ဘူး။
ငယ့်နှုတ်ခမ်းသားအပေါ်အောက်ကို ဇိမ်ခံကာ တတိတိစုပ်ယူနေလိုက်သည်။
“ အင့်~~~ ဟင့်~~ ကိုကို လွှတ်ပေးဦး ဟင့်~~~ ”
လက်သီးစုပ်နုနုလေးက ရင်ဘတ်ပေါ်ကျလာမှ အသိစိတ်က ပြန်ဝင်လာသည်။ ငယ့်နှုတ်ခမ်းလေးကို လွှတ်ပေးလိုက်တော့ နီရဲတွတ်နေသည်။
မျက်ရည်ကြည်လေးတွေ ဝိုင်းလို့။ အသက်ကို မနည်းရှူနေရသည့်ပုံပေါက်နေသည်။ အနမ်းလောက်နဲ့တောင် ငယ် ဒီလောက်ဖြစ်နေရင် နောက်ဆက်တွဲ သူ အချစ်ကြမ်းမှာတွေကို ငယ် ခံနိုင်ရည်ရှိပါ့မလား။
“ ငယ် အဆင်ပြေရဲ့လား ”
“ ခုနက အသက်ရှူကြပ်သွားလို့ ”
ငိုမဲ့မဲ့လေးနှင့် ပြန်ဖြေသည့်ငယ့်ပုံစံလေးက တကယ့်ကိုသနားစရာ။ ခုနက ငယ့်နှုတ်ခမ်းရဲ့အထိအတွေ့ကြောင့် သူ တကယ်အသိစိတ်လွတ်သွားမိတာပင်။
YOU ARE READING
𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခေတ္တရပ်နား ]
Romance18+ Erotic Fiction 🔞🚨 ကြမ်းတမ်းတဲ့ လိင်အသုံးအနှုန်းတွေ ပါမှာမို့လို့ ၁၈နှစ်ကျော်မှ ဖတ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ❌ ၁၈နှစ်မပြည့်သေးတဲ့ ကလေးတွေအတွက် လုံးဝ လုံးဝ မဟုတ်ပါ။ 🚨 သတိပေးထားပါတယ်။ 🚨 သတိပေးထားပါတယ်။ 🚨 သတိပေးထားပါတယ်။