Trap For You Only (70) ( Unicode )

36.2K 1.7K 176
                                    

“ စောက်ရူး ”

“ ဟ ! ”

“ အသုံးကို မကျဘူး .. အသက်ကြီးပြီးတော့ ”

ပြစ်ပြစ်နှစ်နှစ်ဆဲဆိုလိုက်သံ ထွက်ပေါ်လာတဲ့နေရာက တခြားတော့ မဟုတ်၊ မိဝါဆီကပင်။ ဘယ်လိုမှ မခံစားနိုင်တော့လို့ သူငယ်ချင်းကို ရင်လာဖွင့်ပါတယ်ဆိုမှ။

အဲ့သူငယ်ချင်းက သူ့ကို ပြစ်ပြစ်နှစ်နှစ်ဆဲထည့်လိုက်တာများ တကယ့်ကို အားရပါးရ။ ဘယ်ကတည်းက ဆဲချင်နေတာကို အောင့်အီးထားမှန်းမသိ။ အခုမှ ဂွင်ပေါ်တုန်း စိတ်ရှိတိုင်းဝင်ဆော်လိုက်ပုံပင်။

“ ငါ ဘယ်လိုဆက်လုပ်သင့်လဲ မိဝါ ”

“ ငါ့ကို လာမေးနေရအောင် နင် ကြိုက်နေတာ ငါ့ကိုလား ငါ့မောင်ကိုလား .. ”

မိဝါကတော့ ဂွင်တည့်တုန်း လင်းရောင်ရှိန် စကားတစ်ခွန်းပြောတိုင်း တစ်ခါဆော်ထည့်သည်။ မတတ်နိုင်။ အခုချိန်မှာ သူ ဘယ်လိုခံစားနေရလဲဆိုတာကို သူသာ သိသည်။ ရင်ထဲမှာ ချော်ရည်ပူတွေ စီးဆင်းနေသလိုမျိုး။ တစ်စုံတစ် ယောက်ကို ဘယ်လိုမှလက်လွတ်ဆုံးရှုံးမခံနိုင်တော့သလိုမျိုး။

“ ငယ်လေး ငါ့ကို သူစိမ်းလို ဆက်ဆံနေတာကို ငါ သဘောမကျဘူး ”

“ သဘောမကျရင်လည်း လဲသေလိုက်လေ ”

“ မိဝါ ”

စကားကောင်းကောင်းပြောမရသည့်မိဝါကြောင့် သူ ပိုစိတ်ညစ်သွားရသည်။

“ ဘာလဲ ငါ ပြောတာမဟုတ်လို့လား ... ငါ့မောင်လေးက နင့်ကို ချစ်တယ်လို့ ဝန်ခံခဲ့တုန်းက နင် ဘာလို့ မာနတွေကြီးပြီးနှင်ထုတ်ခဲ့‌သေးလဲ .. အခုတော့ ကောင်းရော ... ငါ့မောင်က နင့်ကို စိတ်နာသွားပြီ ... အဲ့ညကဆို ယ်လေး ငါ့ဆီကို ရောက်လာပြီး တစ်ညလုံး မရပ်မနား ငိုနေခဲ့တာ ”

မိဝါက သူ့ကို မျက်စောင်းထိုးရင်း မကျေမနပ်ဖြင့် ပြောလာ၏။ မိဝါစကားကြောင့် လင်းရောင်ရှိန်ခမျာ ပါးစပ်အဟောင်းသား။ ငယ်လေး အဲဒီလောက်ထိ သူ့အပေါ် ခံစားချက်ကြီးမားမှန်း သူ မသိခဲ့ပေ။

“ အဲ့တစ်ညလုံး ငယ်လေး လုံးဝ မအိပ်ဘဲ ငိုချည်း ငိုနေလို့ နင့်ကို မေ့ပစ်လိုက်ဖို့ ငါ ဘယ်လောက်နှစ်သိမ့်ပေးခဲ့ရလဲ ”

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခေတ္တရပ်နား ]Where stories live. Discover now