" ငယ် မင်း ဒါ ဘာလုပ်တာလဲ "
အပြင်ထွက်မလို့ လက်ကိုင်ကို ကိုင်ကာ တံခါးလှမ်းဖွင့်နေတဲ့ ငယ့်ကို အလျင်စလို လှမ်းတားလိုက်ရသည်။ မတားလို့လဲမရ။
ရုတ်တရက် သူ့အပေါ်အဝတ်အစားကို ချွတ်ပစ်လိုက်ပြီး ဝတ်ထားတဲ့ဘောင်းဘီကိုပါ တဆက်တည်းဆွဲချွတ်ကာ အပြင်ထွက်ရန် ဟန်ပြင်နေသည့် ငယ်လေးကြောင့် လင်းရောင်ရှိန်တို့ ခေါင်းထဲ ပြာခနဲတောင်ဖြစ်သွားရသည်။
စဉ်းစားကြည့် ဒင်းလေးက boxer တစ်ခုတည်းနဲ့အပြင်ထွက်မလို့တဲ့။ ကျုပ်အလောင်းကို ကျော်သွားမှပဲ ရမယ်။ ခင်များတို့လည်း အာရုံထဲ ဖော်မနေနဲ့။ ကျုပ် ထပ်သတိပေးထားမယ်နော်။ ငယ်လေးက ကျုပ်အပိုင်။
" အပြင်သွားမလို့ "
ကြည့်စမ်း။ ခပ်တည်တည်နဲ့ပြန်ဖြေပြီး တံခါးလက်ကိုင်ဘုကို လှည့်ဖွင့်နေသည့် ကလေးကို သူ အသဲယားလွန်းလို့ ဘာလုပ်ရမလဲ။ စိတ်ရှိလက်ရှိလုပ်ထလိုက်ရ သတိလစ်သွားလိမ့်မယ်။
" ဒီပုံစံနဲ့ ... "
မျက်လုံးပင့်ကာ မေးကြည့်လိုက်တော့ ငယ်က ကျုပ်ကို မထိတထိအပြုံးနဲ့ ပြန်ဖြေလာသည်။
" ဟုတ်တယ်လေ ဟိုအကျီဘောင်းဘီဝတ်တာ မကြိုက်ဘူးမလား အဲ့တော့ ဒီတိုင်းပဲ သွားတော့မယ် ကိုကို့လက်တွေ ဖယ် "
အဲ့အပြုံးတွေကို ကျုပ် ရင်းရင်းနှီးနှီးသိတာပေါ့။ ဒါက ဒင်းလေး ရပ်လွန်ရွာလွန်အရွဲ့တိုက်နေပြီဆိုရင် သုံးတတ်သည့်အကွက်တွေ။
" မသွားရဘူး ငယ်လေး "
မျက်မှောင်ကုပ်ပြီး ခပ်တည်တည်ပြန်ကြည့်လာသည့်ကောင်လေးက သူ့အန္တရာယ်ရော သူ သိပါရဲ့လား။
" ဘာဖြစ်လဲ သွားတော့ ငယ် သွားတော့ ကိုကိုက ဘာလုပ်ချင်လို့လဲ "
" ငယ်ရာ မဆိုးနဲ့ကွာ "
" အခု ငယ့်ကို ဆိုးတယ်လို့ ပြောလိုက်တာလား ဘယ်အချိန်ကတည်းက ပြောချင်နေတာလဲ ဟုတ်တယ် ငယ်က အစကတည်းက အဆိုးပဲ ကိုကို ငယ်ဆိုးမှန်းသိရက်နဲ့ တမင် လက်ထပ်ခဲ့တာပဲမလား အခုမှ နောင်တရနေပြီပေါ့ "
YOU ARE READING
𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခတ်ေတရပျနား ]
Romance18+ Erotic Fiction 🔞🚨 ကြမ်းတမ်းတဲ့ လိင်အသုံးအနှုန်းတွေ ပါမှာမို့လို့ ၁၈နှစ်ကျော်မှ ဖတ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ❌ ၁၈နှစ်မပြည့်သေးတဲ့ ကလေးတွေအတွက် လုံးဝ လုံးဝ မဟုတ်ပါ။ 🚨 သတိပေးထားပါတယ်။ 🚨 သတိပေးထားပါတယ်။ 🚨 သတိပေးထားပါတယ်။
![𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခေတ္တရပ်နား ]](https://img.wattpad.com/cover/239894847-64-k274030.jpg)