Trap For You Only (26) ( Unicode )

69.3K 1.9K 80
                                    

" ကိုကိုလင်းကို ပန် လိုက်ရှာနေတာ ကြာလှပြီ မာမီနွေးက ကိုကိုလင်း ချောင်းသာသွားတယ်ပြောလို့ ပန် လိုက်လာတာ ကိုကိုလင်းက ပန့်ကိုကျ မခေါ်ဘူး စိတ်ပုတ်တယ် "

ကြည့်စမ်း။ ကြည့်စမ်း။ ဒင်းက ကိုကို့လက်မောင်းကြီးကို ဆွဲခါလှုပ်ရမ်းပြီး ချွဲနွဲ့ပြောနေတာ။ ငယ်ပိုင်တဲ့ ကိုကို့လက်မောင်းကြီးကိုလေ။

လှိုက်ခနဲတက်လာသည့် ဒေါသတွေကို ‌အသိတရားနဲ့ပြန်ထိန်းကာ လျှော့ချလိုက်ရင်း ကိုကိုအနားကို သွားရပ်ကာ အဲ့ဟာမလေး ကိုင်ထားသည့်လက်မောင်းကို ဖယ်ချပစ်လိုက်တော့ ကိုကိုက ငယ့်ဘက်ကို လှည့်ကြည့်လာတယ်။ ဘာကြည့်တာလဲဆိုပြီး ငယ် ပြန် မျက်စပင့်ပြလိုက်တော့ ဘာမှမဟုတ်ဘူးဆိုတဲ့အကြည့်တွေနဲ့ ဟိုဟာမလေးဘက် ပြန်လှည့်သွားတယ်။

မကြည့်နဲ့။ အဲ့ဟာမလေးကို ကြည့်တာတောင် သဘောမကျပါဘူးဆို။ စိတ်ထဲက မကျေနပ်ချက်တွေက အပြင်မှာပေါ်ထွက်လာတော့ မျက်မှောင်လေးကုပ်ကာ နှုတ်ခမ်းလေးက အလိုလိုစူထော်လာသည်။

" မဟုတ်ပါဘူး ပန်ပန်ရယ် ကိုကိုလင်းတို့က ဟန်းနီးမွန်းအတွက် လာတာဆိုတော့ ကိုကိုလင်းရဲ့ညီမအပျိုလေးကို ဘယ်ခေါ်လို့ဖြစ်ပါ့မလဲ ဟုတ်တယ်မလား "

ကြည့်စမ်း။ ကြည့်စမ်း။ ဆံပင်ကိုတောင် သပ်ပေးလိုက်သေးတယ်။ ဆံပင်သပ်ပေးစရာဘာလိုလို့လဲ။ ကိုကိုက သေချင်နေပြီထင်တယ်။

ကိုကိုက ငယ့်စကားမှန်သမျှ အကုန်နားထောင်တယ်။ အိပ်ရာပေါ်က ကိစ္စတွေလုပ်နေတဲ့အချိန်နဲ့ အဲ့ဟာမလေးနဲ့ ကင်းကင်းနေဖို့ ပြောထားတဲ့ကိစ္စကလွဲရင်‌ပေါ့။

အိပ်ရာပေါ်က ကိစ္စတွေလုပ်နေတဲ့အချိန်ဆို ငယ် ဘာပဲပြောပြော ကိုကိုက သူလုပ်ချင်တာကိုပဲ သူလုပ်သည်။ ငယ် မျက်ရည်ကျနေရင်တောင်မှ သူ လုပ်စရာရှိတာကိုပဲ ဆက်လုပ်သွားကာ ဘယ်တော့မှလွှတ်မပေး။ ပြီးမှ ငယ့်ကို ရင်ခွင်ထဲထည့်ကာ တတွတ်တွတ်ပြောရင်း ပြန်ချော့တတ်သည်။ အဲဒါက ငယ်အရမ်းသဘောကျရတဲ့ ကိုကိုရဲ့အကျင့်လေးပေါ့။

နောက်တစ်ခုက ဟိုပြဿနာအိုးမနဲ့ဆိုင်တဲ့ကိစ္စ။ ငယ် ဘယ်လောက်ပြောပြော ကိုယ်နဲ့ပန်ပန်နဲ့က မောင်နှမအရင်းတွေလိုပဲလို့ ပြောပြောရင်း လျှောချသွားနေကြ။ ဒါကတော့ ငယ် အရမ်းမုန်းတဲ့ကိုကိုရဲ့အကျင့်ကြီးပေါ့။ ငယ်နဲ့အိမ်ထောင်ကျပြီးတဲ့အထိတောင် ကိုကိုက ဒင်းအပေါ် အချစ်မလျော့သေးသလိုပဲ။ အားးးးးးးး မုန်းလိုက်တာ။

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခေတ္တရပ်နား ]Where stories live. Discover now