Trap For You Only (81) ( Unicode )

27.3K 379 42
                                    

လ‌သာဆောင်ကို ရောက်တာနဲ့ ကိုကိုက စောနက ငယ့်ကို ချီထားတဲ့ပုံစံအတိုင်း မှန်ဘောင်နဲ့ ပြေးကပ်လိုက်တော့ ငယ့်ရင်ထဲ လှိုင်း‌တွေ ထန်သွားတယ်။ တကယ့်ကို လူက လေဟာနယ်ထဲမှာ လွင့်မျောနေသလိုမျိုး။ ငယ့်ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးက မှန်ဘောင်နဲ့ လွတ်ပြီး အပြင်ဘက် လေဟာနယ်ထဲကို ရောက်နေတာပါ။ နောက်လှန်ချလိုက်ရင် ငယ့်အနောက်မှာ ဘာအတားအဆီးမှ မရှိနေတာကိုက ပိုကြောက်စရာကောင်းလွန်းတယ်။

ရုတ်တရက်မို့ ငယ် ကြောက်အားလန့်အားနဲ့ ကိုကို့ကို ကျစ်နေအောင် သိုင်းဖက်မိလိုက်တော့ အောင့်တက်သွားတာက ငယ့်အောက်ပိုင်းတစ်နေရာ။ ကိုကို့ရဲ့အကောင်တုတ်တုတ်ကြီးက အတွင်းဆုံးထဲထိ ဝင်နေပြီလေ။ ဒီထပ် ထပ်ဝင်ရင်လည်း ငယ် ဗိုက်ပေါက်ထွက်ဖို့ပဲ ရှိတော့မယ်။ ငယ့်ခါးကို ကိုကိုက တင်းတင်းကြပ်ကြပ် ပြန်ပွေ့ဖက်ပေးထားတာမို့ ဒီကနေ ပြုတ်မကျနိုင်မှန်းကို သိ‌ပေမဲ့ ကြောက်တာကတော့ ကြောက်တာပဲလေ။

ငယ်တို့အိမ်က နှစ်ထပ်တိုက်ပေမဲ့ တစ်ထပ်နဲ့ တစ်ထပ်ကို အမြင့်ကြီး ဆောက်ထားတာ။ နှစ်ထပ်ပဲရှိပေမဲ့ အမြင့်ကတော့ လေးထပ်တိုက်နီးပါးလောက် ဖြစ်နေတာ။ ဒီတိုက်ကြီးကို ဗိသုကာနဲ့ ဘွဲ့ရထားတဲ့ ကိုကိုကိုယ်တိုင် သေချာ ဒီဇိုင်းဆွဲပြီး ဆောက်ထားတာမို့ နှစ်ခု မရှိတဲ့ လက်ရာမျိုးပါပဲ။ ကိုကို့အချစ်တွေနဲ့ပါ ထပ်ပြီးမွန်းမံပေးထားတဲ့ အိမ်လေးလည်းဖြစ်တာမို့ ဒီကို ရောက်လာကတည်းက ငယ် လုံခြုံနွေးထွေးခဲ့ရတာ အမှန်။

ဒါပေမဲ့ ဒါကြီးကတော့ မဟုတ်သေးဘူးလေ။ ဒီမှာ တကယ်ကြီး ငယ့်ကို လုပ်တော့မလို့လား။ အပြင်ဘက်ကြီးမှာလေ။ ဘယ်လောက်ပဲ အသစ်အဆန်းထွင်တယ် ပြောပြော၊ ဒါကြီးကတော့ အဆင်မပြေဘူးထင်တယ်။ ဒီလိုဟင်းလင်းပြင်မှာ ငယ်တို့ ချစ်တင်းနှောကြမှာက နည်းနည်း တစ်မျိုးဖြစ်မနေဘူးလား။ တစ်ခါမှ ဒီနေရာမှာ လိင်မဆက်ဆံဖူးတာမို့ စိတ်လှုပ်ရှားသလို ရင်တွေလည်း ခုန်နေမိတယ်။ ပြီးတော့ ကြောက်လည်း ကြောက်တယ်။ ကိုကိုက လုပ်ရင် တအား လုပ်တာ။

“ ကြောက်နေတာလား ငယ်လေး ”

ငယ် ကြောက်နေမှန်း သိလို့ ခေါ်ကြည့်လိုက်တော့ သူ့လည်ပင်းကို သိုင်းဖက်ကာ မျက်နှာနီနီလေးကို သိမ်းဝှက်ထားတဲ့ ငယ်လေးက သူ့ကို ကြည့်လာပြီး နှုတ်ခမ်းလွှာရဲရဲလေးကို ကိုက်ပြတယ်။ နောက်ကျ သူ့ပါးနဲ့ ပါးချင်းအပ်ကာ ပွတ်လာပြီး သူ့နဖူးကို ဖွဖွလေး နမ်းလာတယ်။ အနမ်းတွေက နဖူးကနေ စပြန့်သွားလိုက်တာ နှုတ်ခမ်းချင်း ဆက်တော့မှသာ အရှိန်တန့်သွားတယ်။ အရှိန်တန့်သွားပေမဲ့ အနမ်းတွေ ရပ်သွားတာတော့ မဟုတ်။

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခေတ္တရပ်နား ]Tahanan ng mga kuwento. Tumuklas ngayon