Trap For You Only (54) ( Unicode )

54.8K 1.3K 181
                                    

မှောင်မည်းတိတ်ဆိတ်နေသည့်ကားလမ်းမထက်မှာ ကားတစ်စီးက ပြေးလွှားနေသည်။

အဲကွန်းဖွင့်ထားသောကြောင့် ကားအတွင်းမှာ အေးစိမ့်နေသည်။ မီးရောင်လဲ့လဲ့ကလည်း ကားအတွင်းရှိ လူနှစ်ဦးပေါ် ဖြာကျနေသည်။

ငယ် ကားပေါ်မှာရှိနေသည့် အရုပ်ကို ပွေ့ဖက်ထားရင်း အကြည့်တွေကို ကားပြတင်းပေါက်ဆီသို့သာ ဦးတည်ထားလိုက်သည်။ ကိုကို့ကို တစ်စက်လေးမှ လှည့်မကြည့်ဖြစ်။

လှည့်ကြည့်စရာလား ...စိတ်မှ မကြည်တာကို ...

အလိုက်ကန်းဆိုးမသိတဲ့လူကြီး
... သူ စားချင်တာပဲ သိပြီး သူများ အစားခံချင်တာကိုကျ မရိပ်မိတဲ့လူကြီး ... မုန်းဖို့ကောင်းတဲ့လူယုတ်မာကြီး

မကျွေးဘူး ... ဘယ်တော့မှ မကျွေးတော့ဘူး ... နောက်တစ်ခါလာစားရင် ဖြတ်ထုတ်ပစ်မယ် ... ဟွန့် !

ကားမှန်ကနေ တဆင့်မြင်နေရသည့် ငယ့်၏ရှုတည်တည်မျက်နှာလေးကို ကြည့်ကာ လင်းရောင်ရှိန်တစ်ယောက် အုံးစားနေသည်။

အိပ်နေတာကို အတင်းနှိုးလိုက်မိလို့များလား ...

ဒါမှမဟုတ် နိုင်ငံခြားခရီးစဉ်ရှိတယ်လို့ပြောမိလိုက်လို့များလား ...

ဟန်းနီးမွန်းကနေ အတင်းပြန်ခေါ်လာမိလို့များလား ...

အဲဒါတွေအကုန်မဟုတ်ဘူးဆိုရင် ငယ့်က သူ့ကို ဘယလို့စိတ်ဆိုးနေရတာလဲ ...

တကယ် နားမလည်နိုင်တော့ဘူး ...

ပုံမှန်ဆို သူ့အနားမှာပဲ အမြဲတွယ်ကပ်နေတတ်သည့်ငယ်က အခုကျ သူ့ကို လှည့်တောင်မကြည့်တော့ပေ။ ခါတိုင်းလို သူ့ခုံဘေးမှာ လာမထိုင်ဘဲ နောက်ခုံမှာ တမင်သွားထိုင်ကတည်းက ငယ် တစ်ခုခုကို စိတ်ကောက်နေမှန်း သိသည်။

သို့သော် ဘာကြောင့် စိတ်ကောက်နေမှန်းကိုတော့ မသိပေ။ ငယ် ဒီလိုမျိုးစိတ်ကောက်နေမယ်ဆိုရင် သူလည်း နိုင်ငံခြားခရီးထွက်ရမှာကို စိတ်မဖြောင့်တော့ပေ။

ငယ် တစ်ခုခုဖြစ်နေရင် နေမထိထိုင်မသာဖြစ်တတ်တာ သူ့ရဲ့ထုံးစံမို့။

စိတ်ကောက်နေသည့် အိမ်သူသက်ထားလေးကို ရန်ကုန်မရောက်ခင်မှာ ဘယ်လိုချော့ရမလဲဆိုတာကို တွေးတောရင်း ကားကိုသာ အရှိန်ပုံမှန်နှုန်းဖြင့် မောင်းနေမိသည်။

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခေတ္တရပ်နား ]Donde viven las historias. Descúbrelo ahora