Trap For You Only (67) ( Unicode )

29.4K 1.6K 234
                                    

ထိုအချိန်မှစ၍ သူနဲ့ ငယ်လေးတို့ရဲ့ဆက်ဆံရေးက တဖြည်းဖြည်းတိုးတက်လာသည်ဟုဆိုရမည်။ စစတွေ့ချင်းတုန်းကနဲ့မတူဘဲ လုံးဝကွဲပြားစွာ ငယ်လေးသည် အခုတလော အရမ်းလိမ္မာလွန်းသည်။

သူ့စကားကိုဆိုရင်လည်း တသွေမတိမ်းနားထောင်သည်။ သူ မလုပ်နဲ့ဆိုရင် လုံးဝမလုပ်။ ထူးတော့ ထူးဆန်းတယ်မဟုတ်လား။ လူတစ်ယောက်ရဲ့ပင်ကိုဗီဇဆိုတာက အဲဒီလို ရုတ်တရက် ပြောင်းလဲရိုးထုံးစံမှမရှိတာ။

မိဝါဆီက ကြားနေကျသတင်းများအရကတော့ ငယ်လေးက သိပ်ဆိုးလွန်းပါသည်တဲ့လေ။ ဆွေမျိုးအသိုင်းအဝိုင်းတစ်ခုလုံးမှာ အငယ်ဆုံးကလေးဖြစ်သည့်အတွက် ရှိသမျှလူအကုန်လုံးက လိုလေသေးမရှိ အလိုလိုက်အကြိုက်ဆောင် ဖူးဖူးမှုတ်ထားမှတော့ ဒီကလေးမှ မဆိုးရင် ဘယ်သူဆိုးမလဲ။

တကယ်လည်း ငယ်လေးက ဆိုးပါသည်။ သူနဲ့ စစတွေ့ချင်းတုန်းကလည်း ငယ်လေးက ဆိုးခဲ့တာပဲလေ။ ငယ်လေး ဆိုးလွန်းလို့၊ အရိုအသေမဲ့လွန်းလို့ သူ ဘယ်လောက်တောင် ဒေါသထွက်ခဲ့ရတယ်ထင်လဲ။

လူကြီးကို လူကြီးမှန်း မသိ၊‌ စော်စော်ကားကားပြောလို့ပြောနဲ့။ လူကို မျက်စောင်းထိုးသည့်အပြင် ဘီလူးကြီးဆိုပြီးလည်း အခေါ်ခံရသေး။ ဒါပေမဲ့ အခုကျပြန်တော့လည်း ငယ်လေးက လူစားထိုးခံလိုက်ရသလိုပင်။

ဒါဟာ ဘာကြောင့်များလဲ။

အခုဆို ငယ် သူ့အိမ်ကို ရောက်နေတာ လေးရက်မျှရှိသွားပြီဖြစ်သည်။ သူငယ်ချင်း မိဝါမျက်နှာကြောင့် သူ သေချာဂရုစိုက်ပေးထားသဖြင့် ငယ်လေးက အဖျားလည်း ပျောက်သွားသလို လူကလည်း လန်းလန်းဆန်းဆန်းဖြစ်လာသည်။

“ ကိုကို ”

အင်း ... ပြောရင်းဆိုရင်း ဒီကြောင်ဖြူပေါက်လေးက အလုပ်လုပ်နေသည့် သူ့အနားသို့ ရောက်လာပြန်ပြီ။ ဒီနေ့က အလုပ်ပိတ်ရက်ဖြစ်သည်။ သို့သော် ဝန်ထမ်းများအတွက်သာ။

သူ့အတွက်ကတော့ အလုပ်ပိတ်ချိန်ဟူ၍ ဘယ်သောအခါမှ မရှိပေ။ ထို့ကြောင့်လည်း ယခုတောင် အိမ်မှာနေရင်း စာရင်းဇယားများစစ်ကာ ခေါင်းခဲနေရခြင်းဖြစ်သည်။

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခေတ္တရပ်နား ]Wo Geschichten leben. Entdecke jetzt