Trap For You Only (75) ( Zawgyi )

10.3K 207 23
                                    

ညနေ ၆နာရီခန့်ဖြစ်သည်။ သိပ်နောက်မကျသေးသည့်အချိန်ဖြစ်ပေမဲ့လည်း လူကုံထံရပ်ကွက်ဖြစ်သည်မို့ ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိသည်။ တစ်ခြံနှင့် တစ်ခြံကလည်း အုတ်တံတိုင်းမြင့်မြင့်များဖြင့် ဝိုင်းပတ်ကာရံထားသည့်အပြင်ကိုမှ အတော်ကျယ်ဝန်းလှသေး၏။ အိမ်ခြံတန်ဖိုးက အရမ်းမြင့်မားလွန်းသောကြောင့် တော်ရုံဆို ဒီနားတစ်ဝိုက်မှာ နေထိုင်ဖို့မလွယ်ကူပေ။ ချမ်းသာသည့်သူကြွယ်များအတွက် သီးသန့်နေရာတစ်ခုသာဖြစ်လေသည်။

ထိုစဉ် အကောင်းတကာ့ အကောင်းဆုံးဟု ဆိုရမည့် ခမ်းနားကြီးကျယ်လွန်းသော တိုက်အိမ်ကြီးရဲ့လေသာဆောင်တွင် ငယ်ရွယ်နုပျိုပြီး လှပသော လူငယ်လေးတစ်ယောက်က ဝိုင်ခွက်ကို ခပ်ဖျော့ဖျော့ကိုင်ကာ ရပ်နေလေသည်။ အကြည့်များကတော့ လှမ်းမြင်နေရတဲ့ တိတ်ဆိတ်ငြိမ်သက်နေတဲ့လမ်းမထက်ဆီသို့ ရောက်ရှိနေသည်။

“ အဟင်း ”

မခိုးမခန့်ရယ်သံလေးနဲ့အတူ ချစ်စဖွယ် ငယ့်မျက်နှာတွင် လှပ‌သော ပုလဲလုံးကဲ့သို့ အပြုံးလေးများ ပေါ်ပေါက်လာသည်။ သိပ်မလိုတော့ဘူးပဲ။ မကြာခင်အချိန်အတွင်းမှာ ငယ် ရှိရာဆီသို့ ချစ်တင်း‌နှောချင်စိတ်မွှန်‌နေတဲ့ ငယ့်ခင်ပွန်းသည်တစ်ယောက် ဝုန်းဒိုင်းကြဲကာ ရောက်ချလာတော့မှာ ဖြစ်သည်။

လွန်ခဲ့တဲ့နာရီဝက်ခန့်က ငယ် ကိုကိုနဲ့ ခဏစကားပြောခဲ့သေးသည်။ ကိုကို့ရဲ့အသက်ရှူသံပြင်းပြင်းတွေကို ဖုန်းထဲကနေတဆင့် ငယ် ကြားနေရသည့်အထိ ကိုကို့ရဲ့စိတ်ရိုင်းတွေက အတော်ထကြွသောင်းကျန်းနေပုံပင်။ ထိုညစ်နွမ်းစိတ်တွေကို ကိုကို မနည်းချွန်းအုပ်ကာ ထိန်းချုပ်နေရမှန်းလည်း ငယ် ကောင်းကောင်းသိသည်။

ဒီည ငယ်တော့ အရိုးရော အသားပါမကျန် ဖွတ်ဖွတ်ညက်ညက်ကြေအောင် အကုန်ဝါးစားခံရတော့မှာ ကျိန်းသေ‌ပေါက်ပဲ။ ဒါပေမဲ့လည်း ငယ်ကိုယ်တိုင်ကိုက အဲဒီလို ဖွတ်ဖွတ်ညက်ညက်ကြေအောင် အစားခံချင်လွန်းလို့ ရှိသမျှ ဉာဏ်နီ ဉာဏ်နက် ဉာဏ်ဝါ ဉာဏ်ပြာသုံးကာ ကိုကို့ကို စိတ်ထအောင် မြူဆွယ်ခဲ့ရတာမဟုတ်လား။

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခတ်ေတရပျနား ]Onde histórias criam vida. Descubra agora