ရုံးခန်းထဲမှာ လချုပ်စာရင်းရှင်းတမ်းတွေကို လင်းရောင်ရှိန် ဖတ်နေပေမဲ့ အကြည့်တွေက အဲဒီပေါ် ရောက်မနေဘဲ တစ်ခြားတစ်နေရာဆီသို့သာ ရောက်ရှိနေ၏။
အခုချိန်ဆို ဆရာဝန်လာပြီးသွားလောက်ပြီ။ အဆင်ရော ပြေပါ့မလား။ ဟိုကြောင်ဖြူပေါက်ကရော ဆရာဝန်ရဲ့စကားကို သေသေချာချာနားထောင်ပါ့မလား။
အဲဒီကလေးက အမြဲတမ်း ဖြစ်လိုက်ရင် တလွဲတွေချည်းပဲ။ သူ အနားမှာရှိနေရက်တောင် တလွဲတွေပဲဖြစ်နေတာ သူ မရှိရင်ရော အဆင်ပြေပါ့မလား။
အခု သူ ဆရာဝန်ဆီကို ဖုန်းဆက်ကြည့်လိုက်ရမလား။ ကျစ်! သူ အရမ်းပိုလွန်းရာများ ရောက်သွားမလား။ ဖျားတာလောက်ကို သူ အဲဒီလောက်ထိ အဖြစ်သည်းနေဖို့ လိုလို့လား။ လူတိုင်း ဖျားဖူးတာပဲ။ သူလည်း ဖျားဖူးတယ်။ ဒီကလေး တစ်ယောက်တည်း ဖျားဖူးတာမှ မဟုတ်တာ။
သူ ကြည့်နေသည့် လချုပ်စာရင်းက ကြောင်ဖြူပေါက်လေးရဲ့အသွင်ပုံစံများ တစ်မျိုးပြီးတစ်မျိုးဖြစ်လာသည်။ ဘယ်လိုမှ ဖယ်ခွာချလို့မရဘဲ သူက ကြောင်ဖြူပေါက်လေးရဲ့ပုံရိပ်များကိုသာ တမေ့တမောစိုက်ကြည့်နေမိသည်။
ဘောစ့်က ရူးများရူးနေတာလား။
ဒီအတွေးကို တွေးမိသူက တခြားလူမဟုတ်။ လင်းရောင်ရှိန်၏အတွင်းရေးမှူးဖြစ်သူ သူရိန်သာ။
ဟုတ်တယ်လေ။ သူရိန်မပြောနဲ့။ ဒီအခန်းထဲမှာ တခြားလူရှိရင်လည်း သူ့လိုမျိုး ဘော့စ် ရူးများ ရူးနေတာလားလို့ အကုန်တွေးမိကြမှာပဲ။ လချုပ်စာရင်းကို ပြောင်းပြန်ကြီးကိုင်ဖတ်နေပြီး ပြုံးနေတာက ဘာကြီးလဲဟ။ အဲ့အပြုအမူကြီးက ဘာကြီးလဲ။
မဖြစ်တော့။ ဒီရုံးခန်းထဲ တခြားလူဝင်လာလို့ ဘောစ့်ရဲ့အခြေအနေကို မြင်သွားရင် လူရယ်စရာဖြစ်သွားလိမ့်မယ်။ တစ်သက်လုံး စောင့်ထိန်းလာတဲ့ဂုဏ်သိက္ခာကိုတော့ တစ်ရက်တည်းနဲ့ ပျက်စီးမခံနိုင်ပါဘူး။
ထို့ကြောင့် သူရိန်လည်း ဘော့စ်အနားသို့ တဖြည်းဖြည်း တိုးကပ်သွားလိုက်ကာ
“ ဘောစ့် ”
လေသံတိုးတိုးဖြင့် ခေါ်ကြည့်သည်။ ဘောစ့်က ကြားဟန်မတူ။ လချုပ်စာရင်းကိုသာ ကြည့်ပြီး ပြုံးနေတုန်း။ လချုပ်စာရင်းက ဘယ်နားက ပြုံးချင်စရာကောင်းနေလို့လဲ။ အရူးသွားမေးတောင် ဟိုက လက်ခလယ်ထောင်ပြလိုက်လိမ့်မယ်။
YOU ARE READING
𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခေတ္တရပ်နား ]
Romance18+ Erotic Fiction 🔞🚨 ကြမ်းတမ်းတဲ့ လိင်အသုံးအနှုန်းတွေ ပါမှာမို့လို့ ၁၈နှစ်ကျော်မှ ဖတ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ❌ ၁၈နှစ်မပြည့်သေးတဲ့ ကလေးတွေအတွက် လုံးဝ လုံးဝ မဟုတ်ပါ။ 🚨 သတိပေးထားပါတယ်။ 🚨 သတိပေးထားပါတယ်။ 🚨 သတိပေးထားပါတယ်။