Trap For You Only (76) ( Zawgyi )

22.4K 280 19
                                        

လင်းရောင်ရှိန်တစ်ယောက် အခန်းထဲ ဝင်ဝင်ချင်းမှာပဲ တွေ့မြင်လိုက်ရတဲ့ မြင်ကွင်းလှလှလေးတစ်ခုကြောင့် အခန်းဝနားမှာတင် သူ ကြက်သေသေသွားတော့သည်။

သူ့အကြည့်စူးစူးတို့က အခန်းတွင်းရှိ မြင်ကွင်းတစ်ခုဆီသို့သာ တန်းတန်းမတ်မတ်ရောက်နေလျက်။ သူ့အကြည့်များအား အလုံးစုံသိမ်းပိုက်ရယူထားသော ထိုမြင်ကွင်းလှလှလေးသည် သူ မြင်တွေ့ဖူးသမျှအနက် ဆွဲဆောင်မှုအရှိဆုံးနဲ့ အလှပဆုံးဖြစ်လေသည်။

အခန်းတွင်း၌ အနီရောင်နှင်းဆီပွင့်ဖတ်များက နေရာအနှံ့ ပြန့်ကြဲနေပြီး အခန်းတစ်ခုလုံးကို လွှမ်းမိုးနေရာယူထားလေသည်။ အပြင်မှာထက်စာရင် အခန်းထဲရှိ မီးအလင်းရောင်က အနည်းငယ် ပိုပြီးမှိန်သယောင်ယောင်ရှိပေမဲ့လည်း သူကတော့ အရာအားလုံးကို သဲသဲကွဲကွဲမြင်နေရသည်။

ခုနက သူ ကြားလိုက်ရသည့် သီချင်းသံတိုးသဲ့သဲ့က သူ ထင်ထားသလိုပင် ဒီအိပ်ခန်းထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့အတူ သူအခန်းတံခါး ဖွင့်လိုက်ချိန်မှာလည်း သင်းပျံ့ပျံ့မွှေးရနံ့လေးတစ်ခုက သူ့နှာဖျားဝကို လာရောက်ကလူကျီစယ်သွားလေ၏။ ဘာဓာတ်တွေ ပါဝင်နေသည့် မွှေးရနံ့မှန်း သူ မသိပေမဲ့ သူ့အကောင်ကြီးက ပိုပြီးတင်းမာလာတာကိုတော့ သတိပြုမိလိုက်သည်။

တကယ်တော့ သူ အခန်းထဲသို့ စခြေချလိုက်ကတည်းက သူ့အကြည့်များက နေရာတစ်ခုဆီသို့သာ ဦးတည်ရောက်နေခြင်းဖြစ်သည်။ လက်ရှိ သူ ရပ်နေတဲ့ အခန်းတံခါးဝနဲ့ တည့်တည့်တွင် ခမ်းနားပြီး ကြီးမားသည့် ကုတင်ကျယ်ကြီးတစ်လုံးရှိလေသည်။ ထို့ကြောင့်သူ ဝင်ဝင်လာချင်းမှာပဲ ထိုကုတင်ကြီးဆီကို တန်းအကြည့်ရောက်မိသွားခြင်းဖြစ်သည်။

ကုတင်ပေါ်၌ အနီရောင်ခပ်တောက်တောက် အိပ်ရာခင်းကို ခင်းထားသည်။ ဒါတွေက သူ့အတွက်တော့ ဘာမှမဟုတ်။ လင်းရောင်ရှိန်ကို တကယ်တမ်း ကြက်သေသေသွားစေတဲ့ မြင်ကွင်းလှလှလေးကတော့ အနီရောင်‌လွှမ်းနေတဲ့ ထိုကုတင်‌ကျယ်ကြီးပေါ်မှာ ကိုယ်ဟန်အနေအထားခပ်နွဲ့နွဲ့ဖြင့် ဘေးတစောင်းလေးလှဲလျောင်းနေသည့် အဖြူရောင်‌အရိပ်လေးတစ်ခုပင်ဖြစ်သည်။ 

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခတ်ေတရပျနား ]Tahanan ng mga kuwento. Tumuklas ngayon