Trap For You Only (13) ( Unicode )

121K 3K 39
                                    

ကျုပ်လည်း ဘယ်လောက်ထိကြာအောင်အိပ်ပျော်သွားမိမှန်းမသိဘူး။ ညနေငါးနာရီလောက်တော့ရှိလောက်ပြီထင်တယ်။

ကျုပ် နိုးလာချိန်မှာတော့ ရင်ခွင်ထဲ‌ထည့်ပြီး ထွေးပွေ့အိပ်ခဲ့တဲ့ငယ်လေးကို မတွေ့ရတော့ဘူး။

ငယ်လေးအိပ်သွားတဲ့နေရာကို လက်နဲ့အသာစမ်းကြည့်တော့ အပူချိန်ရှိနေသေးတယ်။ ကြည့်ရတာ မကြာသေးခင်ကမှ ထသွားတဲ့ပုံပဲ။

ငယ်လေးဆီက ရနေကျဖြစ်တဲ့ချိုမြမြအနံ့လေးတောင် မပြယ်သေးဘူး။

ဟော ရေကျသံ။ ရေကျသံတွေကြားနေရတယ်။ ငယ်လေး‌ ရေချိုးခန်းထဲရောက်နေတာထင်တယ်။

အဲ့ဒါနဲ့ ကျုပ်လည်း အသာထပြီး စေ့ထားတဲ့ရေချိုးခန်းတံခါးကို အသာဖွင့်ကြည့်တော့ ငယ်လေးက ရေပန်းအောက်မှာ မတ်တပ်ရပ်ရင်း ရေစက်တွေကို ခံယူနေတယ်။

ငယ်လေးရဲ့တစ်ကိုယ်လုံးကလည်း ရေတွေနဲ့ စိုရွှဲနေပြီး ကြည့်ရတာ အရမ်းဆက်ဆီဖြစ်နေတယ်။

ငယ်လေးဝတ်ထားတဲ့ တင်ပါးတစ်ဝက်ရှည်တဲ့အဖြူရောင်ရှပ်အကျီပါးလွှလွှ‌လေးကလည်း ငယ်လေးရဲ့သွယ်လျတဲ့ခန္ဓာယ်ကိုယ်မှာ ချပ်ချပ်ရပ်ရပ်လေးကပ်နေပြီး ကိုယ်လုံးပေါ်အလှတွေကို ဖော်ထုတ်နေသလိုပဲ။

ရေတွေစိုလို့ကပ်နေတဲ့ပါးလျတဲ့ရှပ်အကျီအောက်မှာ ငယ်လေးရဲ့နို့သီးခေါင်းလေးတွေ ထောင်နေတာကို အထင်းသားမြင်နေရတယ်။

အောက်ပိုင်းကျပြန်တော့လည်း တင်ပါးပေါ်ကပ်နေတဲ့ရှပ်အကျီအပါးအောက်က ဂျီစရင်းအနီရောင်က ပေါ်ပေါ်ထင်ထင်။

ရှပ်အကျီအပါးအောက်က မြင်နေရတဲ့ ငယ်လေးရဲ့မက်မွန်သီးလေးနှစ်လုံးက တကယ့်ကို ကိုက်စားချင်စရာ။

ငယ်လေးက ခေါင်းလေးမော့ပြီး ရေပန်းကနေကျဆင်းလာတဲ့ရေစက်တွေကို ခံယူနေတယ်။

ရေစိုနေတဲ့ဆံပင်လေး၊ မျက်တောင်ပေါ်တင်ကျန်နေတဲ့ရေစက်လေးတွေက တကယ့်ကို လက်ရာမြောက်ပန်းချီကားတစ်ချပ်ပဲ။

ကျုပ် တစိမ့်စိမ့်ကြည့်နေရင်း ငယ်လေးက သူ့နှုတ်ခမ်းလေးကို တစ်ချက်ဖိကိုက်လိုက်တယ်။ ပန်းသွေးရောင်ထကြွလာတဲ့နှုတ်ခမ်းလေးက တကယ့်ကို ရင်ခုန်ချင်စရာကောင်းတယ်။

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခေတ္တရပ်နား ]Where stories live. Discover now