Trap For You Only (60) ( Zawgyi )

14.2K 440 30
                                    

အခုဆို ဟိုလူဘီလူးကြီးနှင့် ပြဿနာတက်ထားတာ သုံးရက်တိတိရှိသွားပြီဖြစ်သည်။ ငယ်ကတော့ အခုထိ အဲဒီလူကို မကျေနပ်သေးပေ။ တွေ့သည့်နေရာတိုင်းမှာ အမှုန့်ခြေပစ်ချင်သည်။

လူတိုင်းက ဖူးဖူးမှုတ်အလိုလိုက်ထားသည့်ငယ့်ကို ဟိန်းလား၊ ဟောက်လား၊ ‌ခြိမ်းလား၊ ခြောက်လားလုပ်သွားကတည်းက ငယ် ထိုလူဘီလူးကြီးအား လုံးဝကြည့်လို့မရ။

ပို၍ဆိုးသွားသည်က ဒီလူကို Gym ၌ ခဏခဏတွေ့မြင်နေရခြင်းပင်။ အစက သူလို ကိုယ်လို Gym လာဆော့သည့်လူဟုထင်မှတ်ထားခဲ့ပေမဲ့ နောက်တော့မှ အဲဒီလိုမဟုတ်မှန်း သိခဲ့ရသည်။

ငယ် စောင့်ကြည့်ရသလောက် ထိုလူက အပေါင်းအသင်းများသည့်ပုံပင်။ ယောကျာ်းလေးများကလည်း သူ့ကိုတွေ့ပြီဆို ဖက်လှဲတကင်းရှိကြသည်။ ငယ်ငယ်ရွယ်ရွယ်မိန်းမပျိုလေးများနှင့် အရွယ်လတ်လတ်အမျိုးသမီးများကလည်း သူ့အနားမှာ ဝိုင်းဝိုင်းလည်ကြသည်။

Gym ဆော့တာကို အကြောင်းပြပြီး ထိုလူ့နား ကပ်နေကြသည်ကို မမြင်ချင်မှအဆုံး။ ထိုလူကလည်း နှာဘူးကြီးဆိုတော့ အဲဒီအခြေအနေကို ပျော်မွေ့နေမှာပေါ့လေ။ တကယ်မုန်းဖို့ကောင်းတဲ့လူ။ သူ့အရပ်နဲ့ သူ့ဇာတ် သိပ်လိုက်တာပဲ။

ဘာလို့မှန်းမသိပေမဲ့ ဒီလူက ငယ့်မျက်စိထဲ ဝင်ဝင်လာသည်။ ငယ်ကလည်း သူ့ကိုမှ အပြစ်ပြောချင်၍ ဂရုတစိုက်လိုက်ကြည့်နေမိသည်။ သူကတော့ ငယ့်ကိုဆို ရှိတယ်လို့တောင် သဘောမထား။ သူ့ကိုယ်သူ ဘာများမှတ်နေလဲမသိဘူး။

ဒီနေ့လည်း ငယ် ပြေးစက်ပေါ်မှာ ပြေးနေရင်း ဘေးနားက ဟိန်းထက်အား

“ ဟိန်းထက် ! ”

“ ဘာလဲ ! ”

ဟိန်းထက်ကလည်း ငယ့်အတိုင်း ပြေးနေရင်း ပြန်ထူးလာသည်။

“ ဟိုလူဘီလူးကြီးက Gym Trainer လား မနေ့က မင်းနဲ့ စကားပြောနေတာတွေ့တယ် ”

ထိုအခါ ဟိန်းထက်က ငယ် မျက်စပစ်ပြရာအတိုင်း လိုက်ကြည့်ရင်း ‌ပြုံးစိစိဖြင့်

“ ဪ မင်းပြောတာ ကိုလင်းရောင်ရှိန်လား ”

ကြားလိုက်ရသည့်နာမည်ကြောင့် ငယ် နှာခေါင်းရှုံ့လိုက်ပြီး

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခတ်ေတရပျနား ]Where stories live. Discover now