Trap For You Only (61) ( Zawgyi )

13.2K 486 88
                                    

Author's Note - Up တို့ မျှော်နေမယ်တို့ မဟုတ်တဲ့ကောမန့်မျိုးကို ပေးပေးပါနော် ကောမန့်တွေအများကြီးကို မျှော်နေပါ့မယ်

“ မိဝါရေ ”

ဆင်ဝင်အောက်မှာ ကားထိုးရပ်သံကြားပြီး သိပ်မကြာခင်မှာပင် နာမည်ခေါ်သံကြားလိုက်ရသဖြင့် ဒေါက်တာစကားဝါတစ်ယောက် အိမ်ရှေ့သို့ အပြေးထွက်လာမိသွားသည်။

ဧည့်ခန်း၌ သူ့အိမ် သူ့ယာသဖွယ် မိန့်မိန့်ကြီးထိုင်နေသူက လင်းရောင်ရှိန်။

ထိုအခါ စကားဝါလည်း မျက်နှာချင်းဆိုင်ဆိုဖာခုံပေါ်မှာ ဝင်ထိုင်လိုက်ပြီး

“ ပြော ဘာကိစ္စလဲ ငလင်း ”

“ နင် ငါ့ကို မှာလိုက်တဲ့ရေမွှေးပုလင်းတွေ လာပို့ပေးတာ ”

ထိုအခါကျမှ စကားဝါလည်း မှန်စားပွဲပေါ်မှာ တင်ထားသည့် ရေမွှေးပုလင်းများကို အာရုံစိုက်မိသွားသည်။

ဟုတ်သားပဲ။ ငလင်းတစ်ယောက် ပြင်သစ်ကို အလုပ်ကိစ္စနဲ့ခရီးထွက်စရာရှိလို့ လမ်းကြုံပစ္စည်းမှာလိုက်တာကို မေ့နေတာ ကြည့်စမ်း! သူငယ်ချင်းကောင်းလေးက အလုပ်ရှုပ်နေတာတောင် သူမ မှာထားတာကို ဝယ်လာခဲ့ဖို့ မမေ့ပေ။ သိပ်ချစ်ဖို့ကောင်းသည့် ငယ်သူငယ်ချင်းလေး။

ပြောရမည်ဆိုလျှင် သူမနှင့် ငလင်းက ငယ်သူငယ်ချင်းတွေ။ အရင်းနှီးဆုံး ငယ်သူငယ်ချင်းတွေ။ သူငယ်တန်းကတည်းက ခင်လာခဲ့သည်မှာ ယခုလို အရွယ်ရောက်သည့်အထိ။ သူတို့နှစ်ဦးကြားက သံယောဇဉ်နှောင်ကြိုးက ဤမျှအထိ ရှည်လျားလေသည်။

သို့သော် ဖြူစင်သည့်သံယောဇဉ်သာ။ ဘာအရောအနှော အရောင်အသွေးမှ မပါသည့် အဖြူရောင်သက်သက်။ မိဘချင်းကလည်း ရင်းနှီးကြသလို အကုန် ဆွေကြီးမျိုးကြီးဖြစ်သည်။ သို့သော် သူမတို့စာလျှင် ငလင်းက ပို၍ပင် အဆမတန်ချမ်းသာလေသည်။ သူမတို့၏စည်းစိမ်ဥစ္စာသည် ငလင်း၏ချမ်းသာကြွယ်ဝမှုကို ခြေမှုန့်ပင်မမှီ။

သို့သော် ငလင်းသည် မောက်မာဝင့်ကြွားခြင်းမရှိဘဲ သူမကို ယခုချိန်ထိ အလျော့အတင်းမရှိ ခင်မင်မြဲ။ ခရီးထွက်တိုင်းလည်း သူမ မှာသမျှ ပစ္စည်းတိုင်းကို မမေ့မလျော့ ဝယ်လာတတ်မြဲ။

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခတ်ေတရပျနား ]Donde viven las historias. Descúbrelo ahora