Trap For You Only (63) ( Zawgyi )

20.8K 508 246
                                        

တစ်လျှောက်လုံးပွေ့ချီလာသည့် ကြောင်ဖြူပေါက်လေးအား နူးညံ့သည့်အိပ်ရာထက် အသာအယာချထားပေးလိုက်ပြီး‌နောက် ပြန်ထမည်အပြင် သူ့bath robe ကို လှမ်းဆွဲလာသည့် လက်နုနုလေးကြောင့် လူက တုန့်ခနဲ ရပ်ဆိုင်းသွားရသည်။

အခုချိန်မှာ ကြောင်ဖြူပေါက်လေးက အိပ်ရာထက်ဝယ် နေသားတကျ လဲလျောင်းလျက်သား။ သူ့တစ်ကိုယ်လုံးကမူ ကြောင်ဖြူပေါက်လေးရဲ့အဝတ်မဲ့ခန္ဓာကိုယ်‌လေးပေါ် အုပ်မိုးထားသည်။

“ ကိုကို~~~ ”

ညင်ညင်သာသာတိုးတိုးဖွဖွထွက်ပေါ်လာသည့် အသံလေး ... ။

အား !!!!!!! ရူးတော့မှာပဲ !!!! ရူးတော့မှာပဲ !!!!! အဲဒီကိုကိုခေါ်သံကြောင့် သူလည်း ရူးတော့မယ် !!!!!!!

စိတ်အတွင်းမှာ ယောက်ယတ်ခတ်နေသော်ငြား အပြင်ဘက်က လူကတော့ မတုန်မလှုပ်ကျောက်ရုပ်ဖြစ်နေသည်။

ထိုစဉ် သူ့bath robe ကြိုးက ဖြည်ချခံလိုက်ရခြင်းအတူ ရင်ဘတ်တစ်လျှောက် ဟင်းလင်းပွင့်သွားသည်။ အောက်မှာ ဘာမှခံမဝတ်ထားသည်မို့ သူ့တစ်ကိုယ်လုံးက အပေါ်ပိုင်းရော၊ အောက်ပိုင်းရော ဗလာဟင်းလင်း ... ။

သူအောက်က ကြောင်ဖြူပေါက်လေးက ပို၍ဆိုးသည်။ ရေချိုးခန်းထဲမှာ ဝတ်ဆင်ထားသည့် အဝါနုရောင်ရှပ်လက်ရှည်လေးက ဘယ်မှာ ကျကျန်နေခဲ့မှန်းမသိတော့။

ယခု ကြောင်ဖြူပေါက်လေးရဲ့အခြေအနေက လုံးဝကို ဝတ်လစ်စလစ်။ အပေါ်ပိုင်းရော အောက်ပိုင်းရော ဘာတစ်ခုမှ ဖုံးကွယ်ထားခြင်းမရှိဘဲ မိမွေးတိုင်း ဖမွေးတိုင်း။ 

အထူးသဖြင့် ကြောင်ဖြူပေါက်လေးရဲ့ဖြူဥနေသည့် ရင်ဘတ်ပိုင်းကမူ ဘယ်အရာကိုမဆို အနုစိတ်မြင်ရလောက်သည့်အထိ လှစ်ပေါ်နေသည်။

ထို့သို့ အတွေးလွန်နေစဉ် သူ့ရင်ဘတ်ကြွတ်သားတစ်လျှောက် ပွတ်သပ်ကာ ကျီစယ်နေဟန်ရှိသော ကြောင်ဖြူပေါက်လေးရဲ့လက်တစ်စုံကြောင့် လူက ကြက်သီးတဖြန်းဖြန်းထလာရသည်။

သူ့ဘဝမှာ တခြားလူတစ်ယောက်နှင့် ဤမျှအထိ နီးနီးကပ်ကပ်မနေဖူးခဲ့။ ဤမျှအထိလည်း ခန္ဓာကိုယ်ချင်း ထိစပ်မနေဖူးခဲ့ပေ။

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခတ်ေတရပျနား ]Where stories live. Discover now