Trap For You Only (68) ( Zawgyi )

11.3K 408 39
                                    

ဟေး ခမည်းခမက်အပေါင်းတို့ရေ

ဒီညတော့ တို့တတွေ အတူတူပွဲကြည့်ကြရအောင်လေ ဒီပွဲက ရှယ်ပဲ ရှယ်ပဲကွာသိလား တအားမိုက်တာ ခိခိ 🤭🤭🤭

ဒီညတော့ တို့တတွေ အတူတူပွဲကြည့်ကြရအောင်လေ ဒီပွဲက ရှယ်ပဲ ရှယ်ပဲကွာသိလား တအားမိုက်တာ ခိခိ 🤭🤭🤭

Ups! Ten obraz nie jest zgodny z naszymi wytycznymi. Aby kontynuować, spróbuj go usunąć lub użyć innego.

◾◾◾◾◾

အချိန်အားဖြင့် ည ၇နာရီထိုးနေပြီဖြစ်သည်။

ပုံမှန်ဆိုရင် ကိုကို အလုပ်ကနေ အိမ်သို့ ပြန်ရောက်ချိန်က ည၈နာရီခွဲ၊ ၉နာရီခန့်မျှသာဖြစ်သဖြင့် ယခုဆို ကိုကို့အိမ်၌ ငယ် တစ်ယောက်တည်းသာ ကျန်ရစ်နေလေသည်။

အတူတူနေတာ ကြာလာ၍ ငယ်နှင့် ရင်းနှီးနေပြီဖြစ်သည့် ကြီးကြိုင်တို့ကလည်း ည ၇နာရီထိုးနေပြီဖြစ်သဖြင့် သူတို့ရဲ့နေအိမ်သို့ ပြန်ဖို့အချိန်ကျလာလေပြီ။

ငယ် ဒီအိမ်ကို စရောက်လာကတည်းက ကြီးကြိုင်က ငယ် အဖော်မဲ့မှာစိုး၍ အမြဲတမ်းအဖော်လုပ်ပေးခဲ့သည်။

အခုလည်း ထုံးစံအတိုင်း ကြီးကြိုင်က ငယ်တစ်ယောက်တည်း ဖြစ်နေမှာစိုး၍ ငယ့်ကို ကူစောင့်ပေးမယ်လို့ ဆိုလာပေမဲ့လည်း ငယ်ကတော့ ကိုကို အိမ်ပြန်အလာကို စောင့်ရတာ အကျင့်ပါနေပြီဖြစ်သည်။

ထို့ကြောင့်ပင် ကြီးကြိုင်တို့အား အိမ်အရင်ပြန်ခိုင်းလိုက်ကာ ငယ် တစ်ယောက်တည်း ဧည့်ခန်းထဲမှာ ဂိမ်းဆော့ရင်း ကိုကို့ကို ထိုင်စောင့်နေလိုက်သည်။

ကိုကို့ကို လွမ်းလွန်းလို့၊ တွေ့ချင်လွန်းလို့ စောင့်သာ စောင့်နေရပေမဲ့ ကိုကို ပြန်လာဖို့ကလည်း အချိန်အများကြီးလိုနေသေးမှန်း သိပါရဲ့။ ဒါပေမဲ့လည်း ဘယ်လောက်ကြာကြာ စောင့်ရပါစေ ကိုကိုနဲ့ တွေ့ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့တင် ငယ် အရမ်းပျော်နေပြီဖြစ်သည်။

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခတ်ေတရပျနား ]Opowieści tętniące życiem. Odkryj je teraz