Trap For You Only (72) ( Unicode )

41K 1.7K 137
                                    

“ ဦးလင်းရောင်ရှိန် ခင်ဗျားကြီး ရူးနေပြီလား ”

ကိုကို့ကို စချင်တာမှန်ပေမဲ့ ငယ် ဖြစ်စေချင်တာ အဲဒီလိုမဟုတ်ဘူးလေ။ ဖွက်ထားမယ်ဟုတ်လား။ သေပြီပေါ့။ ငယ်တော့ ကိုယ့်ရှူး ကိုယ် ပြန်ပတ်တာ‌ပဲ။ ဦးလင်းရောင်ရှိန်က ဘာလို့တဇွတ်ထိုးဆန်နေရတာလဲ။

“ ဦးလင်းရောင်ရှိန် ”

“ ပြော ”

“ ခင်ဗျား ကျွန်တော့်ကို လွှတ်ပေး ”

“ မလွှတ်ပေးနိုင်ဘူး ”

“ ခင်ဗျား မလွှတ်ပေးရင် ကျွန်တော် အိမ်ကို ဖုန်းဆက်တိုင်မှာ .. ”

“ ကိုယ် မင်းအိမ်ကိုလည်း မကြောက်ဘူး မင်းမိသားစုကိုလည်း မကြောက်ဘူး ”

“ ဒါဆို မမကို ဖုန်းဆက်တိုင်မယ် ”

“ မင်းမမကိုလည်း မကြောက်ဘူး ဟုတ်ပြီလား ငယ်လေး ”

“ ခင်ဗျား ! ”

ပြောရခက်တဲ့လူကြီး‌ကြောင့် ဘောင်းဘီအိတ်ထဲမှာ ထည့်ထားတဲ့ဖုန်းကို ထုတ်လိုက်တော့ ချက်ချင်းဆိုသလို ကိုကိုက ငယ့်ဆီက ဖျတ်ခနဲ လုယူပြီး ကားပေါ်ကနေ လွှတ်ပစ်လိုက်တဲ့အခါ

“ ဦးလင်းရောင်ရှိန် ”

ဖုန်းတစ်လုံးကို လွှတ်ပစ်ဖို့ အဲဒီလောက်တောင် လွယ်ကူသလား။ ပြီးတော့ မကြာသေးခင်ကမှ ဈေးကြီးပေးဝယ်ထားရတဲ့ အိုင်ဖုန်းအသစ်စက်စက်ကိုလေ။

“ အဲ့ဖုန်း ဘယ်လောက်ဈေးကြီးလဲ ခင်ဗျား သိလား ”

“ ကိုယ် ပြန်ဝယ်ပေးမယ် ”

“ ခင်ဗျား ဝယ်ပေးတာကို မလိုချင်ဘူး ”

“ မဆိုးနဲ့ ငယ် ”

“ ကျွန်တော် ဆိုးနေတာမှမဟုတ်တာ .. ခင်ဗျားက ငယ့်ဖုန်းကို လွှတ်ပစ်လိုက်လို့ ပြောနေရတာလေ ”

မီးပွိုင့်မိသွားသဖြင့် ကိုကိုက ကားကို ရပ်လိုက်ပြီး ငယ့်ဘက်ကို ခပ်တည်တည်ဖြင့် လှည့်ကြည့်လာသည်။

“ ပြီးတော့ ပြောရဦးမယ် ကျွန်တော် ခင်ဗျားအိမ်ကို မလိုက်ချင် ... အွန့် ! ”

စကားတောင် မဆုံးသေးခင်မှာပဲ ကိုကို့နှုတ်ခမ်းနွေးနွေးက ငယ့်နှုတ်ခမ်းလွှာကို လာရောက်ထိကပ်ကာ မက်မောစွာနမ်းရှိုက်လာ၏။ ကိုကို့ရဲ့လက်တစ်ဖက်ကတော့ ငယ့်ခေါင်းလေးကို ထိန်းကိုင်ထားလျက်။

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခေတ္တရပ်နား ]Where stories live. Discover now