Arc 3 (Violinista)..2

1.9K 184 4
                                        

(Unicode)

ဒီနေ့က Zionအထက်တန်းကျောင်းမှာ Deanအလုပ်ဝင်ရမယ့်နေ့ဖြစ်တယ်
ပထမဆုံးနေ့ဆိုတော့ သပ်သပ်ရပ်ရပ်လေးဝတ်စားရသည် မူလDeanရဲ့ တပ်နေကျမျက်မှန်လေးကလည်း မပါမဖြစ်တပ်ရတယ်
'ဒီလောက်ဆို အဆင်ပြေပြီ အိမ်ကကားနဲ့မထွက်ဘဲ Taxiငှားသွားရမယ် ကျောင်းပြန်လာရင်လည်း တိုက်ခန်းလေးဆီကိုပဲတန်းသွားတော့မယ်'
Keyလေးမရှိတော့ Deanတစ်ယောက်တည်းပဲ ကိုယ့်ကိုယ်ကိုစကားပြန်ပြောနေရသည်

Zionအထက်တန်းကျောင်းကိုရောက်တော့ ကျောင်းသားလေးတွေ အုပ်စုလိုက် အုပ်စုလိုက် တစ်နေရာရာကို စုပြုံပြီးသွားနေကြတာကိုတွေ့ရ၏ Deanလည်းဘာဖြစ်မှန်းမသိတာနဲ့ သူတို့တွေနဲ့ရောယောင်ပြီး သွားကြည့်လိုက်တယ်
'အမ် ပထမဦးဆုံး အလုပ်ဝင်တဲ့နေ့မှာပဲ ရန်ပွဲနဲ့တိုးနေတာပဲ'

ရန်ဖြစ်နေတဲ့ကျောင်းသားထဲက အရပ်ရှည်ရှည်
ခပ်ချောချောနဲ့ တစ်ယောက်ကတော့ ဇာတ်လိုက် Eastonဖြစ်တယ် Eastonက တကယ်ကိုအထက်တန်းကျောင်းသားတွေထဲမှာမှ ရှင်းရှင်းလင်းလင်းကွဲထွက်နေတာဖြစ်တယ်
ဘေးပတ်စလည်ကိုကြည့်တော့ Eastonကိုကြည်နူးစွာနဲ့ကြည့်နေတဲ့ Oliviaကိုတွေ့ရတယ်
ဆံပင် အဝါရောင်အလိမ်အကောက်လေးတွေနဲ့ ဖြူဖြူဖွေးဖွေးအသားအရည်လေးကြောင့် Oliviaကအရုပ်မလေးနဲ့တူလှသည် ဒါကြောင့်လည်း မူလDeanက ကြိုက်ခဲ့တာပဲ
ရန်ပွဲကိုပြန်ကြည့်လိုက်တော့ Eastonတို့အဖွဲ့က ခပ်နွမ်းနွမ်းကျောင်းသားလေးနှစ်ယောက်ကို အနိုင်ကျင့်နေသလိုဖြစ်နေတယ် ရန်ပွဲလို့တောင်ခေါ်လို့မရဘူး ဒါကနှိပ်စက်နေတာနဲ့ပိုတူတယ် Deanတားချင်ပေမယ့် အခုမှ အသစ်ရောက်လာတဲ့ဆရာတစ်ယောက်အနေနဲ့ ဘယ်သူမှ သူ့စကားကိုနားထောင်မှာမဟုတ်။ ပြီးတော့ Zionအထက်တန်းကျောင်းကကျောင်းသားတွေက ဆရာတွေထိန်းလို့မနိုင်ဘူးဆိုပဲ အဲဒီတော့ သွားမတားတာပဲကောင်းတယ်
Eastonတို့တွေ စိတ်ပြေတဲ့အထိရိုက်နှက်ပြီးမှထွက်သွားတာဖြစ်၏ အခြားကျောင်းသားတွေကလည်း သူတ်ို့အတန်းသူတို့ပြန်ကြသွားတယ်
Deanလည်း ထိုကျောင်းသားလေးနှစ်ယောက်ဆီ အမြန်သွားပြေးသွားလိုက်ပြီး ကျောင်းဆေးခန်းပို့ဖို့ပြင်ရတော့သည် ဒီလိုဒုက္ခရောက်နေတာကိုဆက်ပြီးလက်ပိုက်ကြည့်နေဖို့မသင့်ပေ
"ကျောင်းသားလေးတွေမင်းတို့ကဘယ်လိုဖြစ်လို့ အရိုက်ခံရတာလဲ"

UntitledWhere stories live. Discover now