Arc 2 (13)

2.5K 267 4
                                    

(Unicode)

Antony သူနေဖို့ရွေးချယ်လိုက်တဲ့အိပ်ခန်းမှာ နားနေတယ် အဲဒီအခန်းကတကယ်တော့ Edwardရဲ့အိပ်ခန်းဖြစ်တယ် သူထပ်ခါထပ်ခါစဥ်းစားမိပြီးသူ့ရင်ထဲတင်းကြပ်စေတဲ့အကြောင်းကိုတွေးနေမိတယ်
သူ့ရဲ့ ခမည်းတော်ကို သတ်ခဲ့တဲ့ King Georgeရဲ့သားKing Edwardကိုသူတစ်ခါတစ်လေ သနားစိတ်ဝင်မိတယ် ဒါပေမယ့် အဲ့လို သနားစိတ်ဝင်တဲ့အချိန်တိုင်း သတ်ပစ်ချင်လောက်အောင် မုန်းတဲ့စိတ်က ကြီးစိုးလာပြီး သူ့ရင်ထဲကိုတင်းကြပ်စေတယ်
Edwardကို ဖမ်းမိတဲ့အချိန်နောက်ပိုင်းကိုလည်း သူစဥ်းစားနေမိတယ် သူသတိရတာကအဲ့တုန်းက Edwardနဲ့သူ အိပ်ငွေ့ချတဲ့ဆေးတွေကြောင့်မေ့သွားပြီး အဖမ်းခံခဲ့ရတယ် သူနိုးလာတော့ သူ့မူရင်းပုံစံပြောင်းနေတာဖြစ်ပြီး Dianaကသူ့ကို အကြောင်းစုံမေး၏ သူနဲ့အတူအဖမ်းခံရတဲ့သူက King Edwardမှန်းသိပြီး ပိုပြင်းထန်တဲ့အကာစည်းတွေနဲ့ Edwardကို ချုပ်ထားလိုက်တာဖြစ်တယ် Edwardနဲ့ အတူရှိခဲ့တုန်းက Edwardကိုသူနည်းနည်းသနားစိတ်ဝင်နေခဲ့လို့ကာကွယ်ခဲ့တာလို့ထင်ခဲ့တယ် ဒါပေမယ့် အဲဒါကအဲ့လိုမဟုတ်မှန်းသူရေးရေးလေးတော့သိတယ် အခုတော့ Edwardကိုသတ်ပစ်ချင်လောက်အောင်မုန်းနေတာကြီးကဘာလို့သူ့စိတ်ထဲအမြဲရှိနေတာလဲ သူ Edwardကိုသတ်လဲသတ်ပစ်ချင်တယ် မသတ်လဲမသတ်ရက်ပြန်ဘူးဖြစ်နေ၏

'ငါဘာလို့ အသက်ရှူကြပ်ပြီး ရင်ထဲအောင့်နေရပြန်တာလဲ Edwardကိုငါမချစ်ဘဲနဲ့'

Antonyအခန်းထဲမှာ လျှောက်ကြည့်ရင်း Edwardစာဖတ်တဲ့ စားပွဲပေါ်က စာရွက်တစ်ရွက်ကိုတွေ့တော့ စိတ်ဝင်စားပြီးကြည့်လိုက်ရာ စာရွက်ပေါ်မှာ ဟိုလျှောက်ခြစ်ဒီလျှောက်ခြစ်လုပ်ထားတဲ့ Edwardရဲ့ ကြက်ပုံစံဆွဲထားတဲ့ပန်းချီလက်ရာ
ကြက်ပုံဘေးမှာ မှင်တွေပေတာကြောင့်ထင်နေတဲ့လက်ရာလေးတောင်ရှိ၏ Antony အဲဒီပုံလေးကိုဘာရယ်မဟုတ်ဘဲ သိမ်းထားချင်တာကြောင့် အကျင်္ီဘေးအိတ်ကပ်ထဲထည့်လိုက်မိသည်
အိပ်ချိန်ရောက်လာတော့Antonyအိပ်ခါနီး ရေခပ်ကာ မျက်နှာသစ်လိုက်တယ် သူလည်း ဒီအခန်းထဲကို အစေခံတွေဝင်တာကိုမကြိုက်တာကြောင့် သူ့ဘာသာသူမျက်နှာသစ်ဖို့ရေခပ်လိုက်ရခြင်းဖြစ်၏ ထို့နောက် သူအကြံတစ်ခုရသွားတယ်

UntitledWhere stories live. Discover now