(Unicode)
Rioအိပ်ရာပေါ်လဲနေရင်း Dennisကိုဘယ်လိုရင်ဆိုင်ရမလဲတွေးနေတုန်း တံခါးဘဲလ်တီးသံကြားလိုက်ရသည်
'Dennisရဲ့ကားမှာတစ်နေရာကနေတစ်နေရာကိုချက်ချင်းပြောင်းနိုင်တဲ့စနစ်များရှိနေတာလား'Rioတံခါးဖွင့်သင့်မဖွင့်သင့်တွေးပြီးကြောက်နေတုန်း Dennisဆီက ဖုန်းဝင်လာလို့ကိုင်လိုက်ရသည်
"<Rio တံခါးလာဖွင့်စမ်း>""<ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်လာဖွင့်ပါပြီ>"
Rioတံခါးသွားဖွင့်လိုက်တော့ Dennisရဲ့ဒေါသထွက်နေတဲ့မျက်နှာကိုတွေ့လိုက်ရတယ်
"ကိုယ့်ကိုအိမ်ထဲတောင်မခေါ်တော့ဘူးလား" Dennisကအေးစက်စက်နဲ့ပြောသည်
"မခေါ်တာမဟုတ်ပါဘူး အိမ်ထဲဝင်ပါ Dennis" Rioချီတုံချတုံနဲ့ပဲ Dennisကိုအိမ်ထဲခေါ်လိုက်တယ်
ဒါပေမယ့် Dennisကအိမ်ထဲဝင်မယ့်ပုံတော့ မပေါ်ပေ"မင်းအခုချက်ချင်း မင်းရဲ့အဝတ်အစားထုပ်တွေယူပြီး အိမ်ပြန်လိုက်ခဲ့ ကိုယ်စောင့်နေမယ်"
Dennisကိုတံခါးဝမှာ စတိုင်လ်ကျကျရပ်နေရင်းပြောသည်"ဒါပေမယ့် Conanလေးကပျော်တော့မှာမဟုတ်ဘူး" Rioစိုးရိမ်စွာနဲ့ပြောလိုက်သည်
ပြီးတော့ သူDennisအိမ်ပြန်ရောက်ရင် ကြမ်းခင်းပေါ်မှာပဲအိပ်ရမယ် မနက်စာနဲ့ညစာလည်းမစားရဘူး
'မစ္စတာ Dennis Williams ကျွန်တော်လုံးဝပြန်မလိုက်ချင်ပါဘူးနော်'
Rioသူ့အတွေးတွေကိုတော့ Dennisကိုမပြောရဲပေ"Conanကမင်းကိုအိမ်ပြန်ခေါ်ခိုင်းလိုက်တယ်"
Dennisပြောတာကြောင့် Rioအံ့သြသွားရတယ် Conanလေးကသူ့ကိုအိမ်ပြန်ခေါ်ခိုင်းလိုက်တယ်တဲ့လား
!!!!!!"သွားမယ် အခုချက်ချင်းအိမ်ပြန်ရအောင်"
Rio တိုက်ခန်းတံခါးအသေအချာပိတ်ခဲ့ကာ Dennisရဲ့လက်ကိုဆွဲပြီး ကားဆီကိုအမြန်သွားခဲ့တယ်
Dennisကတော့ အလိုလိုက်တတ်တဲ့ချစ်သူတစ်ယောက်လိုပဲ RioကိုမဆူပေDennisတို့အိမ်ကိုရောက်တော့ ဧည့်ခန်းမှာထိုင်စောင့်နေတဲ့ ConnaလေးကိုRioတွေ့လိုက်ရသည်
Conanလေးက Dennisနဲ့သူ့ကိုတွေ့တော့ ခြေတံတိုတိုလေးတွေနဲ့သူတို့ဆီပြေးလာသည်